Wednesday, March 5, 2014

ဆေးခန်းသွားပြသောမိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦးပြုတ်ကျ သေဆုံး

ပုဇွန်တောင်မြို့ နယ်တွင် နေအိမ်ဝရံတာမှ အမျိုးသမီးတစ်ဦးပြုတ်ကျ၍သေဆုံးမှုတစ်မှု ယနေ့ နံနက် ၂း၀၀ တွင်ဖြစ်ပွားခဲ့ကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။ ယနေ့ နံနက် ၂း၀၀ အချိန်ခန့် ကအမှတ် (--)ရေကျော်လမ်းမကြီး၊(၇)ရပ်ကွက် ပုဇွန်တောင်မြို့ နယ် နေ မရွှေဇင်ဦး(၂၃) သည် ၄င်းဧ။် နေအိမ်ပထမ ထပ်ရှိဝရံတာတွင် ဆေးခန်း သွားပြသော
မိခင်နှင့်ဖခင် ပြန်အလာကိုစောင့်ဆိုင်းနေစဉ်ပြုတ်ကျခဲ့ပြီး ၀ဲချိုစောင်းစုတ်ပြဲဒဏ်ရာ၊ယာချိုစောင်းဖူးရောင်ဒဏ်ရာများရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ၍ဆေးကုသမှုခံယူစဉ်
ယနေ့  နံနက် ၂း၅၀ အချိန်တွင်သေဆုံးသွားကြောင်းပုဇွန်တောင်မြို့ မရဲစခန်းမှသိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၄/၂၀၁၄)ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ပုဇွန်တောင်မြို့ မရဲစခန်းမှထပ်မံသိရှိရသည်။

Popular Myanmar News Journal

0 comments:

Post a Comment