Tuesday, March 4, 2014

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မီဒီယာများနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမည်

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မီဒီယာများနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမည်
Tuesday, March 4, 2014

ဒီမိုကရေစီစနစ် ဖော်ဆောင်နေသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပထမဆုံး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး အပြီးတွင် မီဒီယာများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

“ပထမဦးဆုံး သတင်း မီဒီယာတွေနဲ့ တွေ့တာ ဆိုပေမယ့် လုပ်ထုံးလုပ်နည်း အရ လုပ်တာပါ။ ကျွန်တော်တို့က အာဆီယံ ဥက္ကဋ္ဌ ရာထူး ဆက်ခံထားတဲ့ အိမ်ရှင်နိုင်ငံ ဖြစ်နေလို့ပါ” ဟု ၎င်းက ရှင်းပြသည်။

သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော် မြို့ရှိ သင်္ဂဟ ဟိုတယ်တွင် မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ ပြုလုပ်မည် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး၏ ပူးတွဲထုတ်ပြန် ကြေညာချက်ကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရှင်းလင်းပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် မေးခွန်းများကိုသာ လက်ခံ ဖြေဆိုမည် ဖြစ်ပြီး အစည်းအဝေး ထုတ်ပြန်ချက်နှင့် မသက်ဆိုင်သည့် မေးခွန်းများကို လက်ခံ ဖြေဆိုမည် မဟုတ်ဟု ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားကြောင်း ဦးဇော်ဌေးက ဆိုသည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက် အနေနဲ့ ဒီလို သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတယ် ဆိုတာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုပါ။ ဒီမိုကရေစီစနစ်ကို လိုက်နာ ကျင့်သုံးမယ့် တပ်မတော်ဟာ ဒီလို မေးခွန်းထုတ်တာ မေးမြန်းထာကို ခံနိုင်ရမှာပါ။ အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်ဆိုတော့ တပ်မတော်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးမှာ အခန်းသစ် စာမျက်နှာသစ်ကို ဖွင့်လှစ် ဖော်ပြလိုက်တာပါပဲ” ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က The Voice သို့ ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်များ အလွတ်သဘော အစည်းအဝေး၏ ပူးတွဲထုတ်ပြန် ကြေညာချက်နှင့် သက်ဆိုင်သော မေးခွန်းများ ကိုသာ မေးမြန်းခွင့် ပြုမည်ဟု ကန့်သတ်ထားသောကြောင့် သတင်းမီဒီသမား အချို့က ကြိုတင် ကန့်သတ်မှုမျိုး ပြုလုပ်ရန် မသင့်ကြောင်း ဝေဖန် ပြောဆိုနေကြသည်။

(၁၁) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို မတ်လ ၄ ရက် နေ့မှ ၆ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ပြီး အစည်းအဝေးတွင် “တပ်မတော်များ ပူးပေါင်း၍ ငြိမ်းချမ်းပြီး ကြွယ်ဝ ချမ်းသာသော အာဆီယံ နိုင်ငံဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များက ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စုံစမ်း သိရှိရသည်။

အဆိုပါ အစည်းအဝေး ကျင်းပစဉ်တွင်ပင် အာဆီယံ တပ်မတော် အရာရှိများ အလွတ်တမ်း အစည်းအဝေးနှင့် အာဆီယံ တပ်မတော်များ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အလွတ်တမ်း အစည်းအဝေး များလည်း ထည့်သွင်း ကျင်းပသွားမည်ဟု အစည်းအဝေးနှင့် ပတ်သက်သည့် ထုတ်ပြန်ထားချက်များ အရ သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ MICC ခန်းမတွင် ကျင်းပခဲ့သည်။

The Voice Weekly

ဒီမိုကရေစီစနစ် ဖော်ဆောင်နေသည့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ပထမဆုံး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး အပြီးတွင် မီဒီယာများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

“ပထမဦးဆုံး သတင်း မီဒီယာတွေနဲ့ တွေ့တာ ဆိုပေမယ့် လုပ်ထုံးလုပ်နည်း အရ လုပ်တာပါ။
ကျွန်တော်တို့က အာဆီယံ ဥက္ကဋ္ဌ ရာထူး ဆက်ခံထားတဲ့ အိမ်ရှင်နိုင်ငံ ဖြစ်နေလို့ပါ” ဟု ၎င်းက ရှင်းပြသည်။

သတင်းစာ ရှင်းလင်းပွဲကို နေပြည်တော် မြို့ရှိ သင်္ဂဟ ဟိုတယ်တွင် မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ ပြုလုပ်မည် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး၏ ပူးတွဲထုတ်ပြန် ကြေညာချက်ကို ရှင်းလင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရှင်းလင်းပွဲတွင် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် မေးခွန်းများကိုသာ လက်ခံ ဖြေဆိုမည် ဖြစ်ပြီး အစည်းအဝေး ထုတ်ပြန်ချက်နှင့် မသက်ဆိုင်သည့် မေးခွန်းများကို လက်ခံ ဖြေဆိုမည် မဟုတ်ဟု ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားကြောင်း ဦးဇော်ဌေးက ဆိုသည်။

“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက် အနေနဲ့ ဒီလို သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတယ် ဆိုတာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုပါ။ ဒီမိုကရေစီစနစ်ကို လိုက်နာ ကျင့်သုံးမယ့် တပ်မတော်ဟာ ဒီလို မေးခွန်းထုတ်တာ မေးမြန်းထာကို ခံနိုင်ရမှာပါ။ အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်ဆိုတော့ တပ်မတော်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးမှာ အခန်းသစ် စာမျက်နှာသစ်ကို ဖွင့်လှစ် ဖော်ပြလိုက်တာပါပဲ” ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က The Voice သို့ ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်များ အလွတ်သဘော အစည်းအဝေး၏ ပူးတွဲထုတ်ပြန် ကြေညာချက်နှင့် သက်ဆိုင်သော မေးခွန်းများ ကိုသာ မေးမြန်းခွင့် ပြုမည်ဟု ကန့်သတ်ထားသောကြောင့် သတင်းမီဒီသမား အချို့က ကြိုတင် ကန့်သတ်မှုမျိုး ပြုလုပ်ရန် မသင့်ကြောင်း ဝေဖန် ပြောဆိုနေကြသည်။

(၁၁) ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို မတ်လ ၄ ရက် နေ့မှ ၆ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပမည် ဖြစ်ပြီး အစည်းအဝေးတွင် “တပ်မတော်များ ပူးပေါင်း၍ ငြိမ်းချမ်းပြီး ကြွယ်ဝ ချမ်းသာသော အာဆီယံ နိုင်ငံဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် အာဆီယံ နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များက ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စုံစမ်း သိရှိရသည်။

အဆိုပါ အစည်းအဝေး ကျင်းပစဉ်တွင်ပင် အာဆီယံ တပ်မတော် အရာရှိများ အလွတ်တမ်း အစည်းအဝေးနှင့် အာဆီယံ တပ်မတော်များ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အလွတ်တမ်း အစည်းအဝေး များလည်း ထည့်သွင်း ကျင်းပသွားမည်ဟု အစည်းအဝေးနှင့် ပတ်သက်သည့် ထုတ်ပြန်ထားချက်များ အရ သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ MICC ခန်းမတွင် ကျင်းပခဲ့သည်။

The Voice Weekly

0 comments:

Post a Comment