Monday, March 3, 2014

မိတ္ထီလာတွင် အကြွေးတောင်းရန် အဖော်လိုက်ပါလာသူအား ဓားမဖြင့်ခုတ်မှုဖြစ်ပွား

မိတ္ထီလာမြို့နယ် လူးခင်းကြီးကျေးရွာတွင် မတ်လ ၁ ရက်နေ့ ည ၈ နာရီခွဲခန့်က အကြွေးတောင်းခံရန် အဖော်အဖြစ်လိုက်ပါလာသူအား အကြွေးပေးရန်ရှိသူမှ ဓားမဖြင့် ခုတ်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ ကိုမင်းသိန်း ၃၈ နှစ် (ဘ) ဦးစံထွေး လူခင်းကြီးကျေးရွာနေထိုင်သူသည် တစ်ရွာတည်းနေ တစ်တို ၁၈ နှစ် (ဘ) ဦးကျော်လွင် ထံသို့ အကြွေးသွားရောက်တောင်းခံစဉ် ရန်ဖြစ်စကားများကြပြီး အကြွေးတောင်းခံရန် အဖော်အဖြစ်လိုက်ပါလာသည့် မင်းသူ ၂၇ နှစ် (ဘ) ဦးဝင်းမြင့် လူးခင်းကြီးကျေးရွာနေထိုင်သူအား တစ်တိုမှ ဓားမဖြင့်ခုတ်သည့်အတွက်
နဖူးထိပ်ပေါက်ပြဲဒဏ်ရာနှင့် နှာခေါင်းသွေးထွက် ဒဏ်ရာ ရရှိသွားသည်။ 

၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ တစ်တို အား အရေးယူဆောင်ရွက်ပေးရန် ကိုမင်းသိန်းက တိုင်ကြားသဖြင့် (ပ) ၁၀၆/၂၀၁၄ ၊ ပုဒ်မ ၃၂၆ ဖြင့် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရှိရသည်။
MOI Webportal Myanmar

0 comments:

Post a Comment