Monday, March 3, 2014

ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာကို ပုံစံတူမီးခံသေတ္တာနှင့် လဲလှယ်ခိုးယူခံရမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနစု မှ ဖော်ထုတ်


၂၄.၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်ကမာရွတ်မြို့နယ်နေ ဦးကောင်းညွန့်သည် ကုမ္ပဏီဖွင့်ရန်ငှားရမ်းထားသည့် ဘုရင့်နောင်တာဝါနေအိမ်ခန်းရှိ မီးခံသေတ္တာ မှာဖွင့်မ ရတော့ကြောင်းကို စာရင်းကိုင်ဖြစ်သူ မလူးလူးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ မီးခံသေတ္တာမှာ ၎င်း၏ မီးခံသေတ္တာမဟုတ်တော့ဘဲ ပုံစံတူ အခြားတစ်ခုဖြစ်နေကြောင်းတွ့ရှိရကာ အမေရိကန်ဒေါ်လာ(၇၁၉၅၆) ထည့်ထားသည့် ၎င်းပိုင် မီးခံသေတ္တာမှာပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၉၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းထောက်လှမ်း စစ်ဆေးချက် အထောက်အထားများအရ မလူးလူးနှင့်ခင်မင်ပြီး ၀င်ထွက် သွားလာဖူးသည့် ဇော်ကြီး(ခ)ဇော်ဝင်းမွန်(ဘ)ဦးမျိုးသိမ်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ဇော်ကြီး(ခ)ဇော်ဝင်းမွန်သည် ယခင်ကအတူအလုပ်လုပ်ကိုင်ခဲ့ဖူးပြီး ခင်မင်ရင်းနှီးသည့် အဆိုပါအခန်းတွင် အလုပ်လုပ်ကိုင်သာ မလူးလူးထံ ၀င်ထွက် သွားလာစဉ်တွင် အခန်းသော့များမှာသာ့ခလောက်တွင် တန်းလန်းတွေ့ရှိရသဖြင့် တစ်စုံကိုဖြုတ်ယူခိုးထားပြီး မီးခံသေတ္တာကို ခိုးယူရန်ကြံစည်ခဲ့ကြောင်း၊ ၎င်း၏ တပြည့်ဖြစ်သူ
သန့်ဇင်ဦးနှင့်တိုင်ပင် ပူးပေါင်းပြီးနောက်၂၂.၂.၂၀၁၄ရက်နေ့၁၃၀၅အချိန် ခန့်က မည်သူမျှမရှိခိုက်တွင် ဇော်ကြီး(ခ)ဇော်ဝင်းမွန်က ခိုးယူထားသည့်သာ့များဖြင့် အခင်းဖြစ်အခန်း သို့ ၀င်ရောက်ကာ စောင့်နှင့်နေခဲ့ပြီး သန့်ဇင်ဦးမှ ပုံစံတူ မီးခံသေတ္တာအားဝယ်ယူလာခဲ့ကာ လဲလှယ်ခိုးယူခဲ့ကြကြောင်းပေါ်ပေါက်ခဲ့ပါသည်။

ခိုးယူရရှိခဲ့သည့် မီးခံသေတ္တာအား ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့ရှိဇ်ာကြီး(ခ)ဇော်ဝင်းမွန်၏ နေအိမ်သို့သယ်ဆောင်သွားကြပြီးဖျက်ခဲ့ရာ အတွင်းမှအမေရိကန်ဒေါ်လာ (၇၀၀၀၀)ကျော်ရရှိ ခဲ့ကြောင်း၊ ဖျက်ထားသည့် မီးခံသေတ္တာကိုယ်ထည်အား ရေတွင်းထဲသို့ပစ်ချခဲ့ပြီး မီးခံသေတ္တာတံခါးအားဖျာပုံမြစ်ထဲသို့ ဖျောက်ဖျက်လွှင့်ပစ်ခဲ့ကြောင်း၊ အဆိုပါရရှိသည့်ဒေါ်လာ များအား မြန်မာငွေဖြင့်လဲလှယ်ခဲ့ရာ ငွေကျပ် (၇၃၃)သိန်းရရှိခဲ့ကြောင်း၊ အဆိုပါငွေများဖြင့် အလေးချိန် (၁၀)ကျပ်သား(၂)ရွေးစီရှိ ရွှေတုံး(၁၀)တုံးဝယ်ယူထားခဲ့ကြောင်း၊ ငွေကျပ် ၄၅သိန်း ကျန်ရှိနသေးကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၀ယ်ယူထားသည့်ရွှေတုံး(၁၀)တုံး၊ငွကျပ်(၄၅)သိန်း၊ ပါဆုံးမီးခံသေတ္တာအပျက်တစ်လုံးတို့အား ပြန်လည် သိမ်း ဆည်းနိုင်ခဲ့ပါသည်။

အမှုမှ ဇော်ကြီးနှင့်အတူပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သန့်ဇင်ဦး(ဘ)ဦးဝင်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

MOI Webportal Myanmar

0 comments:

Post a Comment