Tuesday, March 4, 2014

ကွန်ဒိုဆောက်ရန်မြေကျင်းတူးရာမှ ဘေးကပ်လျက်ရှိ နေအိမ်မီးဖိုဆောင် များနှင့် အုတ်တံတိုင်းတို့ပြိုကျ


ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အနောက်ရပ်ကွက်၊ ဆရာစံလမ်းသွယ်၊ အမှတ်(၈၄/E) ရှိ မြေပိုင်ရှင် ဒေါ်လဲ့လဲ့ထား၏ခြံဝင်းအတွင်း၌ (၈)ထပ်ကွန်ဒိုအဆောက်အဦ ဆောက်လုပ်ရန် အတွက် ရတနာမြိုင်ဆာက်လုပ်ရေးမှ အနက်(၁၅)ပေ၊ အကျယ်(၄၀x၅၀)ပေ မြေကျင်းတူး ထားရှိရာ ၃.၃.၂၀၁၄ ရက်နေ့ ၂၃၁၅ အချိန်ခန်တွင် ၎င်းမြေကျင်းနှင့် ကပ်လျက် အနောက်မြို့ပတ်လမ်း အပိုင်း(၁)၊ အမှတ်(၂၀)ရှိ ဦးခင်ဇော်၏နေအိမ်မီးဖိုဆောင်နှင့် အမှတ်(၁၉)ရှိ ဦးသန်းရွှေအောင်၏နအိမ်မီးဖိုဆောင်တို့မှာ မြေအိကာပြိုကျပျက်စီး သွားခဲ့ပါ သည်။

၎.၃.၂၀၁၄ ရက်နေ့ ၀၂၀၅ အချိန်တွင်လည်း ၎င်းမြေကျင်းနှင့်ကပ်လျက်ဆရာစံလမ်းသွယ်၊ အမှတ်(၂၅)ရှိ ဦးတင်ထွန်း၏ နေအိမ်နောက်ဖက်ခြမ်းရှိ အိမ်သာနှင့် ၀၄၀၅ အချိန်တွင် အဆိုပါမြေကျင်းတူးထားသည့် ခြံအမှတ်(၈၄/E)နှင့် ဦးလှမြင့်၏အမှတ်(၈၄/C/D) နေအိမ်ခြံဝင်းကြားရှိ အုတ်တံတိုင်းပေ(၁၀၀)ခန့်မှာ ထပ်မံပြိုကျခဲ့ပါသည်။

ယင်းသို့နေအိမ်မီးဖိုဆောင်များနှင့် အုတ်တံတိုင်းပြိုကျမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများရောက်ရှိခဲ့ကြပြီး တူးဖော်ထားသည့်မကျင်းအနီးရှိ စိတ်မချရသော နေအိမ်(၈)လုံးတွင် နေထိုင်ကြသည့် မိသားစု(၂၂)စု၊ ကျား(၅၁)ဦး၊မ(၅၈)ဦးတို့အား ဗဟန်းမြို့နယ်၊ အမက(၆)ကျောင်းသို့ ခေတ္တပြောင်းရွှေ့နေရာချထားပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment