Tuesday, March 4, 2014

၂၆နှစ်အမျိုးသမီး ၁၃နှစ်အရွယ်ကောင်လေးအား မုဒိမ်းကျင့်မှုဖြင့် တရားစွဲခံထားရ


ဒီကေတာမြို့ အလာဘားမားပြည်နယ်နေ လောရန်ဘေကာဆိုသူမှာ ၁၃နှစ် အရွယ်ကောင်လေးအား ဓမ္မာတာကိုလွန်ဆန်ပြီး မုဒိမ်းကျင့်မှုဖြင့်တရားစွဲဆိုခြင်းကိုခံ ထားရသည်။ အဆိုပါအမျိုးသမီး သည်အာမခံကြေးဒေါ်လာ၂၀၀၀၀ဖြင့်မော်ဂန်ကောင်တီ အကျဉ်းမှသောကြာနေ့ မှစပြီးအပြင်တွင်နေထိုင်ခွင့်ပြုထားသည်။

သူမ၏ရှေ့နေမှာမူသူမသည်အပြစ်ကင်းစင်သူဖြစ်သည်ဟုဒီကေတာဒေလီကိုဆိုသည်။

ပြစ်မှုဖြစ်စဉ်ကို၂၀၁၃ ချစ်သူများနေ့ တွင် ဒီကေတာရဲစခန်းတွင်ဖော်ပြထားပြီး ထိုစဉ်ထဲက စုံစမ်းထောက်လှမ်းရေးများကိုပြုခဲ့သည်။ ခုံသမာဓိလူကြီးများသည် ဖြစ်ရပ်မှန် ကိုရှာဖွေပြီး တစ်နှစ်အကြာ ဖေဖော်ဝါရီလ၆ ရက်နေ့ တွင်တရားစွဲဆိုခြင်းကိုပြုခဲ့သည်။

ပြစ်မှုထိန်းသိမ်းရေးအဖွဲ့ ၊ကလေးငယ်ကာကွယ်ရေး အဖွဲ့ ၊ ကောင်တီရှေ့နေအဖွဲ့ တို့ ကလည်း ထိုအမှုကိုအတူတကွစုံစမ်းထောက်လှမ်းခဲ့သည်။

မုဒိမ်းမှုအပြင်အသက်၁၆ နှစ်အောက်ကလေးကိုကျုးလွန်ခြင်းအားဖြင်. ပြစ်မှုစွဲဆိုထားခြင်းခံရပြီး၊ နှစ်ခုစလုံးမှာပြစ်မှုကြီး (ခ) အဆင့်မြောက်သည်ဟုသိရှိရသည်

Source: daily mail
World Myanmar

0 comments:

Post a Comment