Wednesday, March 5, 2014

မိုင်တိုင်၂၆ဇာတ်ကားကို စင်ကာပူမှာ ပြဖို့စီစဉ်နေတယ်လို့ ဆိုတဲ့အဆိုတော်၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်

Photo: မိုင်တိုင်၂၆ဇာတ်ကားကို စင်ကာပူမှာ ပြဖို့စီစဉ်နေတယ်လို့ ဆိုတဲ့အဆိုတော်၊ သရုပ်ဆောင် ခွန်းဆင့်နေခြည်
Wednesday, March 5, 2014

အဆိုတော်၊ သရုပ်ဆောင်ခွန်းဆင့်နေခြည်ကို လတ်တလောအနုပညာလှုပ် ရှားမှုနဲ့အတူ နယူးယောက်မှာ သွားရောက်ပြသခဲ့တဲ့ မိုင်တိုင် ၂၆ဇာတ်ကားအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ 

‘အမေရိကန်နိုင်ငံ နယူးယောက်ရယ်၊ ဆန်ဖရန်စစ္စကို နဲ့ LA မှာ အစ်မရဲ့ မိုင်တိုင်၂၆ဇာတ်ကားကို သွားရောက်ပြသခဲ့တယ်။ အဲဒီ့မှာ အစ်မရဲ့ တစ်ကိုယ်တော်ဖျော်ဖြေရေးနဲ့ မိုင်တိုင်၂၆ရုပ်ရှင်ကားနဲ့ နှစ်ခုပေါင်းလုပ်ခဲ့တယ်။  အဲဒီ့လေးပွဲလုံးကို မြန်မာပရိသတ်တွေ လာကြည့်ကြသလို၊ နိုင်ငံခြားသားတွေပါ လာကြည့်ကြတယ်။ အစ်မက မိုင်တိုင်၂၆ ကို Subtittle လည်းထိုးထားတော့ ဇာတ်လမ်း သဘောတရားကို သူတို့သဘောပေါက်ကြတယ်။ အဲဒီ့ပွဲလေးပွဲလုံး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကို သူတို့ဘက်ကနေ မြန်မာနိုင်ငံရဲ့ Special Guest ဆိုပြီး ထပ်ဖိတ်တယ်။ အဲဒါက မတ်လ၉ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာ၊ Chinese Assosiation ရဲ့38 Anniversary လုပ်မယ့်ပွဲဖြစ်တယ်။ အစ်မက သွားပြီးတော့ သီဆိုဖျော်ဖြေပေးရမယ်။ တရုတ်၊ မြန်မာချစ်ကြည်ရေးပွဲဆိုတော့ တရုတ်သီချင်းရယ်၊ မြန်မာသီချင်းရယ် ဆိုပေးရမယ်။ သီချင်းဆိုပေးရင်းနဲ့မှ ဆန်ဖရန်စစ္စကိုမှာ တစ်ပွဲထပ်ဆိုပေးရမယ်။ 

ဆန်ဖရန်စစ္စကိုမှာက သူတို့Local အဆိုတော်တွေနဲ့ အစ်မနဲ့ပါ။ အစ်မ အမေရိကားကို တတိယအကြိမ်သွားရင်းနဲ့မှ ဗီဒီယို ဇာတ်ကားတစ်ကား မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်ခုပေါင်းပြီးတော့ ဇာတ်လမ်း ဆင်ပြီးတော့ရိုက်တာပေါ့။ ပျူခေတ်ရယ်၊ ယခုလက်ရှိခေတ်ရယ်ပေါင်းပြီးတော့ ဇာတ်လမ်းရိုက်မယ်။ အဲဒါက မြန်မာနိုင်ငံအတွက်ပဲ ရိုက်တာပေါ့။ အမေရိကန်မှာနေတဲ့ လူတစ်ယောက်နဲ့ မြန်မာနိုင်ငံရဲ့ တောချုံ၊ အုံကြားမှာနေတဲ့ လူတစ်ယောက်။ သူတို့ရဲ့Sense ချင်းတွေနဲ့ ပတ်သက်တဲ့အကြောင်းပေါ့။ နည်းနည်းလည်း ဂမ္ဘီရတော့ဆန်တယ်။ မြန်မာပြည်ဘက် အခြမ်းကိုရိုက်ပေးမဲ့ ဒါရိုက်တာကတော့ အမျိုးသမီး ဒါရိုက်တာ ကျော့နှင်းဆီ။ အမေရိကန်ဘက်မှာ ရိုက်ပေးမဲ့ဒါရိုက်တာက ဆန်ဖရန်စစ္စကိုမှာ နေတဲ့ မိုက်မင်းမင်း။ 

အမေရိကန်ရဲ့ မော်ဒယ်လ်မင်းသားတက်သစ်စ တစ်ယောက်ပါမယ်။ ပြီးတော့ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ မြန်မာနိုင်ငံရဲ့actor တစ်ချို့တွေလည်းပါပါမယ်။ တမလွန်ချစ်သူ ဆိုပြီး ဇာတ်ကားနံမည်ယာယီ ပေးထားပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာပဲပြဖို့ပါ။ oversea မှာပြဖို့မဟုတ်ဘူး။ အခုလည်း မိုင်တိုင်၂၆ ဇာတ်ကားကို စင်ကာပူမှာပြဖို့လုပ်နေတယ်။ ပြီးတော့ အစ်မရဲ့ စာလာလာမဖတ်နဲ့ ဗီစီဒီကိုလည်း လေးလပိုင်းမှာဖြန့်ဖို့စီစဉ်နေပါတယ်’လို့ သူမက ဆိုပါတယ်။

Trend Myanmar
အဆိုတော်၊ သရုပ်ဆောင်ခွန်းဆင့်နေခြည်ကို လတ်တလောအနုပညာလှုပ် ရှားမှုနဲ့အတူ နယူးယောက်မှာ သွားရောက်ပြသခဲ့တဲ့ မိုင်တိုင် ၂၆ဇာတ်ကားအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ

‘အမေရိကန်နိုင်ငံ နယူးယောက်ရယ်၊ ဆန်ဖရန်စစ္စကို နဲ့ LA မှာ အစ်မရဲ့ မိုင်တိုင်၂၆ဇာတ်ကားကို သွားရောက်ပြသခဲ့တယ်။ အဲဒီ့မှာ အစ်မရဲ့ တစ်ကိုယ်တော်ဖျော်ဖြေရေးနဲ့ မိုင်တိုင်၂၆ရုပ်ရှင်ကားနဲ့ နှစ်ခုပေါင်းလုပ်ခဲ့တယ်။ အဲဒီ့လေးပွဲလုံးကို မြန်မာပရိသတ်တွေ လာကြည့်ကြသလို၊ နိုင်ငံခြားသားတွေပါ လာကြည့်ကြတယ်။ အစ်မက မိုင်တိုင်၂၆ ကို Subtittle လည်းထိုးထားတော့ ဇာတ်လမ်း သဘောတရားကို သူတို့သဘောပေါက်ကြတယ်။ အဲဒီ့ပွဲလေးပွဲလုံး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကို သူတို့ဘက်ကနေ မြန်မာနိုင်ငံရဲ့ Special Guest ဆိုပြီး
ထပ်ဖိတ်တယ်။ အဲဒါက မတ်လ၉ ရက်နေ့မှာ ကျင်းပမဲ့ မြန်မာ၊ Chinese Assosiation ရဲ့38 Anniversary လုပ်မယ့်ပွဲဖြစ်တယ်။ အစ်မက သွားပြီးတော့ သီဆိုဖျော်ဖြေပေးရမယ်။ တရုတ်၊ မြန်မာချစ်ကြည်ရေးပွဲဆိုတော့ တရုတ်သီချင်းရယ်၊ မြန်မာသီချင်းရယ် ဆိုပေးရမယ်။ သီချင်းဆိုပေးရင်းနဲ့မှ ဆန်ဖရန်စစ္စကိုမှာ တစ်ပွဲထပ်ဆိုပေးရမယ်။

ဆန်ဖရန်စစ္စကိုမှာက သူတို့Local အဆိုတော်တွေနဲ့ အစ်မနဲ့ပါ။ အစ်မ အမေရိကားကို တတိယအကြိမ်သွားရင်းနဲ့မှ ဗီဒီယို ဇာတ်ကားတစ်ကား မြန်မာနိုင်ငံနဲ့ အမေရိကန် နှစ်ခုပေါင်းပြီးတော့ ဇာတ်လမ်း ဆင်ပြီးတော့ရိုက်တာပေါ့။ ပျူခေတ်ရယ်၊ ယခုလက်ရှိခေတ်ရယ်ပေါင်းပြီးတော့ ဇာတ်လမ်းရိုက်မယ်။ အဲဒါက မြန်မာနိုင်ငံအတွက်ပဲ ရိုက်တာပေါ့။ အမေရိကန်မှာနေတဲ့ လူတစ်ယောက်နဲ့ မြန်မာနိုင်ငံရဲ့ တောချုံ၊ အုံကြားမှာနေတဲ့ လူတစ်ယောက်။ သူတို့ရဲ့Sense ချင်းတွေနဲ့ ပတ်သက်တဲ့အကြောင်းပေါ့။ နည်းနည်းလည်း ဂမ္ဘီရတော့ဆန်တယ်။ မြန်မာပြည်ဘက် အခြမ်းကိုရိုက်ပေးမဲ့ ဒါရိုက်တာကတော့ အမျိုးသမီး ဒါရိုက်တာ ကျော့နှင်းဆီ။ အမေရိကန်ဘက်မှာ ရိုက်ပေးမဲ့ဒါရိုက်တာက ဆန်ဖရန်စစ္စကိုမှာ နေတဲ့ မိုက်မင်းမင်း။

အမေရိကန်ရဲ့ မော်ဒယ်လ်မင်းသားတက်သစ်စ တစ်ယောက်ပါမယ်။ ပြီးတော့ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ မြန်မာနိုင်ငံရဲ့actor တစ်ချို့တွေလည်းပါပါမယ်။ တမလွန်ချစ်သူ ဆိုပြီး ဇာတ်ကားနံမည်ယာယီ ပေးထားပါတယ်။ အဲဒါက မြန်မာနိုင်ငံမှာပဲပြဖို့ပါ။ oversea မှာပြဖို့မဟုတ်ဘူး။ အခုလည်း မိုင်တိုင်၂၆ ဇာတ်ကားကို စင်ကာပူမှာပြဖို့လုပ်နေတယ်။ ပြီးတော့ အစ်မရဲ့ စာလာလာမဖတ်နဲ့ ဗီစီဒီကိုလည်း လေးလပိုင်းမှာဖြန့်ဖို့စီစဉ်နေပါတယ်’လို့ သူမက ဆိုပါတယ်။

Trend Myanmar

0 comments:

Post a Comment