Tuesday, March 4, 2014

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးငွေတောင်းခံနေသူကို နယ်မြေခံလှည့်ကင်းအဖွဲ့မှ တွေ့ရှိအရေးယူ

၃.၃.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးအုန်းသွင်နှင့်အဖွဲ့သည် လှည့်ကင်းတာဝန်ဆောင်ရွက်နစဉ် ကမာရွတ်မြို့နယ်၊(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ သင်္ဘောကျင်း ၀န်ထမ်းအိမ်ယာရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏၀တ်စုံအား ဖိနပ်မပါ၊ ဦးထုပ်မပါဝတ်ဆင်လျက် ယာဉ်များကိုရပ်တန့်စစ်ဆေးပြီးငွေကြေးတာင်းခံနေသူတစ်ဦးအားတွေ့ရှိခဲ့၍ သင်္ကာသဖြင့်စစ်ဆေး ခဲ့ပါသည်။

အဆိုပါသူအားစစ်ဆေးရှာဖွေရာ ၎င်းမှာယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်နေ ကျော်ဆန်းဝင်း(ဘ)ဦးဆန်းမြင့် ဖြစ်ကြောင်းသိ ရှိရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၏၀တ်စုံအား အယောင်ဆောင်ဝတ်ဆင်၍ မော်တော်ယာဉ်များ ကိုရပ်တန့်စစ်ဆေးကာငွကြေးများ တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းထံမှ ထိုကဲ့သို့တာင်းခံရရှိထားသည့် ငွေကျပ်(၇၇၀၀)အားသိမ်းဆည်းရမိခဲ့သဖြင့် ကမာရွတ်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၄၊ ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Myanmar daily news

0 comments:

Post a Comment