Friday, March 7, 2014

7.3.2014 to 13.3.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
အတိုက်အခံတွေ ကြားမှ အောင်မြင်မှုရမည်။ ရည်ရွယ်ချက် များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ စိတ်မြန် ဆန္ဒစောနေတယ်။ ဂရုစိုက်ပါ။ ချစ်သူ နှင့် အဆင်ပြေလိုက် မပြေလိုက်ဖြစ်နေမည်။ လူကြီးမိဘတို့ က သင့်အပေါ် အထင်လွဲမှား မှု့ဖြစ်မည်။ ပစ္စည်း အဝယ်မှား တတ်၍ ဂရုစိုက်ပါ။ အိမ်ထောင်ရေး မှာ ဖောက်ပြန်မှု လေးတွေ ပေါ်လာမည်။ ဆင်ခြင်ပါ။ မြေယာ ၊ စက်ကိရိယာ ဝင်ထွက် မှုတွေ ဖြစ် မည်။ ကောင်းတယ်။
အကျိုးပေးဂဏန်း - ၂၊၅၊၃။
အထူးဟော - မကောင်းတာတွေ မေ့လိုက်ပါ။
ယတြာ - တနင်္ဂနွေ နေ့ တွင် ခိုလေးတွေ အစာကြွေးပါ။


တနင်္လာ
မျှော်လင့်နေတာထက် မမျှော်လင့်တာက ပိုစောနေလိမ့်မည်။ စကားပြောလောဘမကြီး နှင့်အ မှားတွေ့တတ်တယ်။ ပညာရေးကောင်းတယ်။ အထူးအောင်မြင်မည်။ ကြိုးစားမှုတော့ရှိတယ်။ ဒါပေမဲ့ စာကြည့်ရင်း စိတ်မငြိမ် ဖြစ်နေတယ်။ မိဘ မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်ချင်တဲ့ သင့်စိတ်တွေ ဖယ်ပစ်လိုက်ပါ။ ရည်းစားထံမှ စာ ၊ လက်ဆောင်တွေ ရတတ်တယ်။ စာမေးပွဲပြီးလျှင် ခရီးထွက်မယ့် စိတ်ကူးလေးတွေ ကောင်းပါတယ်။ အိမ်ထောင်သည်တို့ ဂရုစိုက်ပါ။ အိမ်ထောင်ရေးမှာ အနှောင့် အယှက်တွေ ရှိမယ်။ ဝန်ထမ်းဖြစ်သူ တို့ အလုပ်ကိစ္စ တာဝန်အောင်မြင်မယ်။ ရာထူး တက်နေရာပြောင်းရမယ်။ ငွေဝင်မယ်။  
အကျိုးပေးဂဏန်း - ၆၊၄၊၃။
အထူးဟော - စိုးရိမ်စရာတွေ မရှိဘဲ စိတ်ချမ်းသာ မှု့တွေဖြစ်လာမည်။
ယတြာ - တနင်္လာနေ့နံနက် ပိုင်းမှာ ငါးကလေးတွေကို အစာကျွေးပါ။
အင်္ဂါ
သင်၏ ထက်မြတ် မှုတွေးခေါ် မြော်မြင်ကြီးမှုတွေက သင့်အတွက်ရော အများအတွက်ပါ အကျိုးရှိလိမ့်မည်။ ဆက်လုပ်ပါ။ အပြောလွယ်သလောက် လက်တွေ မှာ ခက်ခဲ့သော အရာများ သင်အောင်မြင်မှုရလိမ့်မည်။ ကြိုးစားမှုကောင်းမယ်။ အောင်မြင်မှုလည်းကောင်းမယ်။ ခရီးဝေးတွေ ရောက်မယ်။ အချစ်ရေး ကံကောင်းမယ်။ ချစ်သူတွေ ဝိုင်းဝိုင်းလည်ပါဘဲ။ အိမ်ထောင်ရှိသူများ ဖောက်ပြန်မှုတွေ မုချဖြစ်မယ်။ စီးပွားရေး ၊ ဝင်ငွေ ကောင်းလာမည်။ စက် ၊ ရွှေ မြေ တို့ ပြောင်းလဲ ဝင်ထွက်မည်။ ကြီးသူ ၁ ဦး ချူချာ တတ်တယ်။ အန္တရာယ်မရှိပါ။
အကျိုးပေးဂဏန်း - ၆၊၃၊၈။
အထူးဟော - အတိုက်အခံ အထစ်အငေါ့ တွေ ထိုးဖောက်အောင်မြင်မယ်။
ယတြာ - အင်္ဂါနေ့မှာ မြောက်အရပ်က လမ်းကို ပြုပြင်ပါ။
ဗုဒ္ဓဟူး
          သင်၏ ဆောင်ရွက်မှုများ အောင်မြင်မှု့ရနေမည်။ ဆက်လက်ကြိုးစား ပါ။ ထူးချွန်စွာ အောင်မြင်လိမ့်မည်။ အချစ်ရေးအတွက် စိတ်မညစ်နှင့် ချစ်သူရဲ့ လှည့်စားမှုခံရတတ်တယ်။ ကတိမတည် ၊ စကားပလီသော အချစ်ရေးကို ဆက်လက် သံယောဇဉ် ရှိဖို့ မကောင်းပါ။ ဘုမ္မိကျသော အနောက်မြောက် ခရီးကိုညပိုင်း မသွားနှင့်။ ပစ္စည်းတွေ ကျပျောက်ကိန်း ရှိတတ်သည်။ လူယုံမထားရ။ လူပေါင်းမှားမယ်။ ငွေဝင် ၊ ငွေထွက်ကြမ်းနေမယ်။ သင့်ဆန္ဒတွေ မုချအောင်မြင်မည်။
အကျိုးပေးဂဏန်း - ၄၊၅၊၈။
အထူးဟော - အရာရာ ကျော်လွှားအောင်မြင်လိမ့်မည်။
ယတြာ - တန်ခိုးကြီးဘုရား၏ ရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။
ကြာသပတေး
ရည်ရွယ်ချက် ကြီးခြင်း ၊ စိတ်မြန်ခြင်း ၊ဇွဲကောင်းခြင်း ၊ လွတ်လပ်မှု့ လိုလားခြင်း တို့ရှိသူဖြစ်တယ်။ ယခု တစ်ပတ်အတွင်း သင့် ရည်ရွယ်ထားခြင်းများ တစ်ခုပြီး တစ်ခု အောင်မြင်လာမယ်။ အချစ်ရေးမှာ ချစ်သူ ၂ ဦး ပေါ်မည်။ အနီး ၁ ဦး ၊ အဝေး ၁ ဦး ဖြစ်မယ်။ အိမ်ထောင်ပြုရန် နီးလိုက် ၊ ဝေးလိုက်ဖြစ်နေမယ်။ ရုတ်တရက် ခိုက်မိခြင်း ၊ ဝမ်းပျက်ခြင်း ဖြစ်နိုင်၍ ဆင်ခြင်ပါ။ သူများကြား အရမ်းမဝင်နှင့်။ ခက်ခဲနေသော အရာများ လွယ်ကူစွာ အောင်မြင်လိမ့်မည်။  
အကျိုးပေးဂဏန်း - ၅ ၊ ၆ ၊ ၈။
အထူးဟော - အားလုံးအဆင်ပြေမည်။
ယတြာ - ကြာသပတေးနေ့ နံနက် တွင် အိမ်ဘုရားကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။
သောကြာ
ရည်ရွယ်ချက်များ ရှိလာမည်။ အောင်မြင်မည်။ အဟောင်းကို အသစ်မလုပ် သေတ္တာစုတ် ဆေးမချယ် ဆိုသကဲသို့ ပြီးခဲ့တဲ့ ကိစ္စ တွေ အသစ်မလုပ်သော စိတ်ဓာတ် ဖြင့် ရှေ့ဆက်သွား ဖြစ်မည်။ အနှောင့်အယှက် လေးတွေ ကျန်သေးတာကို တော့ သင်ဂရုစိုက်ပါ။ အသွားအလာ ဂရုစိုက်ပါ။ တယူဿန် တဇွတ်ထိုး စိတ်ဆင်ခြင်ပါ။ ငွေရမယ်။ ခရီးသွားရမည်။ ကျန်းမာရေးကောင်းနေ သည်။ စီးပွားရေးကောင်းမည်။ အချစ်ရေး အပြောင်းအလဲ ဖြစ်မည်။ အိမ်ထောင်ရေး အနှောင့်အယှက် ကြုံမည်။ စက် ၊ ရွှေ ၊ မြေတို့ ဝင်မည်။ စာမေးပွဲ ပညာရေး အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၆၊၉၊၈။
အထူးဟော - ကံကောင်းပြီ။
ယတြာ - သောကြာနေ့ တွင် ရဟန်း ၊ သံဃာ (၆) ပါးကို သစ်သီး ဆွမ်း ကပ်လှူပါ။
စနေ
အတိုက်အခံတွေကြားက ထိုးဖောက်အောင်မြင်မည်။ ရည်ရွယ်ချက် အတိုင်းအောင်မြင်မည်။ ဝင်ငွေကောင်းမည်။ ဆောင်ရွက်မှု့တွေ အပြိုင်အဆိုင် တွေ နိုင်မည်။ ကျန်းမာရေး ၊ စီးပွားရေးကောင်းမည်။ အလုပ်အကိုင် ပို၍ အဆင်ပြေမည်။ မြေ ၊ စက် တို့ ဝင်မည်။ အရာရာ ကူညီသူပေါ်မည် ။ ချစ်သူ အသစ် ထပ်တွေ့မည်။ ခရီးယာယီ မြင်တယ်။ အန္တရာယ်လုံးဝ မရှိပါ။ လုပ်ငန်း သစ် ထပ်လုပ်ဖြစ် မည်။ အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၇၊၄၊၀။
အထူးဟော - အားလုံးကံကောင်းနေမည်။
ယတြာ - စနေနေ့ နံနက်တွင် ဘုရား ၊ သံဃာတော် တွေကို ဆွမ်းလောင်း ဆွမ်းကပ်ပါ။

By ဒေါက်တာထွန်းလင်း - ဘုတလင်( Gold Medalist)

0 comments:

Post a Comment