မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်တွင် စီးပွားရေး လုပ်ငန်းရှင်များနှင့်
ပေါင်း၍ အဂတိ လိုက်စားမှုများ ရှိဆဲဖြစ်ကြောင်း မြန်မာ့ ဖွံ့ဖြိုးမှု
တိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) မှ ဒါရိုက်တာ ဒေါက်တာ
တင်မောင်သန်းက ပြောကြားသည်။
အုပ်ချုပ်ရေးပိုင်း၏ စွမ်းဆောင်ရည် ပိုင်းတွင်လည်း ပြဿနာများ ရှိနေဆဲ ဖြစ်ပြီး အချို့ လုပ်ထုံး
လုပ်နည်းများမှာ မလိုအပ်တော့သည့် အပြင် လုပ်ထုံး
လုပ်နည်း၊ ဥပဒေများ ပြဋ္ဌာန်းရာတွင် ပြဋ္ဌာန်းသင့် မသင့် ပြန်လည် ဆန်းစစ်သည့်
အလေ့အထ မရှိသေးကြောင်း ၎င်းက ထောက်ပြသည်။အုပ်ချုပ်ရေးပိုင်း၏ စွမ်းဆောင်ရည် ပိုင်းတွင်လည်း ပြဿနာများ ရှိနေဆဲ ဖြစ်ပြီး အချို့ လုပ်ထုံး
နိုင်ငံတကာ အဂတိ လိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုဆိုင်ရာ ညွှန်းကိန်းများတွင် မြန်မာနိုင်ငံသည် အောက်ဆုံး အဆင့်တွင် ရှိဆဲဖြစ်ပြီး နိုင်ငံပေါင်း ၁၇၇ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၁၅၇ တွင် ရှိကြောင်း အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့အစည်း Transparency International က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ထားသည်။
စီးပွားရေး လုပ်ငန်းများနှင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ကိစ္စရပ်များ ပြုလုပ်ရာတွင် တိကျ ရှင်းလင်းသည့် စနစ် မရှိသေးဘဲ ဝန်ကြီးဌာန အသီးသီးတွင် မှတ်ပုံတင်ခြင်း၊ ထောက်ခံစာနှင့် ခွင့်ပြုမိန့် တောင်းခံ ရခြင်းများသည် လုပ်ငန်း အကောင်အထည် ဖော်မှု အပိုင်းကို နှောင့်နှေး ကြန့်ကြာစေကြောင်း USAID မှ ကိုယ်စားလှယ် Mr. Chris က ဆိုသည်။
အစိုးရက နိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှိရင်းစွဲ လူ့စွမ်းအား အရင်းအမြစ်များနှင့်သာ အကောင်အထည် ဖော်နေရသည့် အတွက် ရေရှည် ဖွံ့ဖြိုး တိုးတက်သော စွမ်းဆောင်ရည်မျိုး မရှိသေးကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။
“Capacity နဲ့  Leadership မှာ ရေရှည် ဖွံ့ဖြိုး တိုးတက်ဖို့ လိုတယ်။ ဒီလို မဟုတ်ရင်တော့ မလွယ်ဘူး” ဟု ဒေါက်တာ တင်မောင်သန်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် စွမ်းဆောင်ရည် မြင့်တက်လာရန် အသိပညာပေး လုပ်ငန်းများအား ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်လျက် ရှိပြီး ၂၀၁၁ ခုနှစ်ထက် သုံးဆ ပိုမို များပြား လာသော်လည်း ပိုမို လုပ်ဆောင်ရန် လိုအပ် နေသေးကြောင်း Myanmar Education Research Bureau မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိန်းကြီးက ပြောဆိုသည်။
The Voice Weekly
0 comments:
Post a Comment