Tuesday, February 25, 2014

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား သရုပ်ဆောင်၊ အဆိုတော်တစ်ဦးနှင့် မိသားစုက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှု ဖြစ်စဉ်အပေါ် မျက်မြင်သက်သေသုံးဦးကို ခေါ်ယူစစ်ဆေး

စည်းကမ်းမဲ့ မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်တစ်စီးအား တားဆီးခဲ့သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးကို သရုပ်ဆောင်၊ အဆိုတော် တစ်ဦးနှင့် မိသားစုက ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အပေါ် အတိအကျသိရန် ဖြစ်စဉ်အနီး ဝန်းကျင်တွင်ရှိသော မျက်မြင်သက်သေ သုံးဦးအား ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားပြီး မည်သူ့ဘက်မှ
အမှန်ဖြစ်သည်ကို မသိရသေးကြောင်း၊ ထို့ကြောင့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်တွင် နေထိုင်သည့် ဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့ သူများအား ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

“အမှုကတော့ ယာဉ်ထိန်းရဲဘက်ကရော၊ သရုပ်ဆောင်၊ အဆိုတော်တို့ ဘက်ကရော ဖွင့်ထားပါတယ်။ ဘယ်ဘက်က အမှန်ဆိုတာတော့ မသိရသေးပါဘူး။ အခုဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ သုံးဦးကိုတော့ ခေါ်ယူစစ်ဆေးနေပါတယ်။ အမှုကတရားရုံးတော့ မတင်ရသေးပါဘူး။ ဘယ်ဘက်က အမှန်ဆိုတာက ရဲဘက်က ဆုံးဖြတ်လို့မရပါဘူး။ တရားရုံးရောက်မှ အမှန်ဆိုတာ သိရမှာပါ”ဟု မင်္ဂလာတောင် ညွန့်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ကThe Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု -၂၈ မှ ရဲတပ်ကြပ်ကြီး သောင်းဒန်သည် ကန်ပတ်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မီးပွိုင့်တွင် တာဝန်ထမ်းဆောင်နေစဉ် ၉ဃ/....IPSUM အမျိုးအစား (အနက်ရောင်) ယာဉ်၏ ယာဉ်မောင်းနှင့် စကားများခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဖေဖော်ဝါရီ ၁ဝ ရက် ည နေ ၆ နာရီခန့်တွင် စကားများခဲ့ကြသည့် ယာဉ်ဖြင့်ပင် အမျိုးသားသုံးဦးနှင့် အမျိုးသမီး တစ်ဦး(စုံစမ်းဆဲ)တို့ ဆင်းလာကာ “မင်းမနေ့က ဘာဖြစ်လဲ”ဟု မေး၍ ရဲတပ်ကြပ်ကြီးမှ ရှင်းပြစဉ် အဆိုပါလေးဦးက ခြေထောက်နှင့်ကန်ပြီး ဝိုင်းဝန်းရိုက်နှက် ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဝိုင်းဝန်းရိုက်နှက် ခံရမှုကြောင့် ရဲတပ်ကြပ်ကြီး သောင်းဒန်တွင် ယာလက်ဖူးရောင်ဒဏ်ရာ ရရှိခဲ့သဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ တစ်ဦးမှာ 77ဗွီဒီယို ထုတ်လုပ်ရေးမှ အဆိုတော်၊ သရုပ်ဆောင် နေသူရိန်ဖြစ်ပြီး ယင်းဖြစ်စဉ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ)၁ဝ၄/ ၁၄ ပြစ်မှုပုဒ်မ ၃၃၂/၁၁၄ ဖြင့် အမှုဖွင့်ထား သည်။

0 comments:

Post a Comment