
အာဖဂန်နစ္စတန် နိုင်ငံက စစ်ပွဲကြောင့် အရပ်သား သေဆုံးမှု တိုးနေပြီး ၁၂ နှစ်ကြာနေပြီ ဖြစ်တဲ့ စစ်ပွဲမှာ ပြီးခဲ့တဲ့နှစ်ဟာ အရပ်သား သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း အရပ်သား သေဆုံးမှု၊ ဒဏ်ရာရမှု၊ ၁၄% တိုးလာခဲ့ပြီး သေဆုံးသူ ၃ ထောင်နီးပါးနဲ့ ဒဏ်ရာရသူ ၅ ထောင့် ၆ ရာကျော်ရှိသွားပြီလို့ အာဖဂန်နစ္စတန်ဆိုင်ရာ
ခုလို အရပ်သားသေဆုံးမှု ၄ ပုံ ၃ ပုံက တာလီဘန်တွေနဲ့ အစိုးရဆန့်ကျင် သူတွေကြောင့်ဖြစ် တယ်လို့ UNAMA ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ တာလီဘန်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုက အရပ်သားတွေ ပိုပြီး ထိခိုက် အန္တရာယ်ဖြစ်နေတယ် ဆိုတာကိုလည်း ၂၀၁၃ ထဲမှာဖြစ်လာတဲ့ ထိတ်လန့်စရာအဖြစ် အစီရင်ခံစာက မီးမောင်းထိုးပြ ထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
0 comments:
Post a Comment