Sunday, February 9, 2014

ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူအား ယာဉ်တိုက်မိသေဆုံး

၈.၂.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရား လမ်းအတိုင်း ယာဉ်မောင်း ထက်နိုင်လင်း(ဘ)ဦးဇော်မင်းဦး၊ဗဟန်းမြို့နယ် နေသူ မောင်းနှင်လာသော ၁ခ/---- မတ်တူးခဲ့ရောင်ယာဉ်သည် သစ္စာလမ်းဆုံမီးပွိုင့်အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ ပလက်ဖောင်းပေါ်သို့ရောက်ရှိသွားသဖြင့် ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူ အမည်မသိ၊ အသက်(၂၀)နှစ်ခန့်ရှိအမျိုးသားတစ်ဦးကို တိုက်မိပြီး ဓါတ်တိုင်နှင့် သစ်ပင်တို့အားဆက်လက်တိုက်မိခဲ့ပါသည်

ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်ဓါတ်တိုင်တို့ပျက်ဆီးခဲ့ပြီး ယာဉ်တိုက်ခံရသူ တွင် ဦးခေါင်း၊ နှာခေါင်း၊ ပါးစပ် တို့၌သွေးထွက်ဒဏ်ရာများ၊ ၀မ်းဗိုက် ပွန်းခြစ်၊ ခြေသလုံးဖူးရောင် ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ယာဉ်မောင်းထက်နိုင်လင်းအား မရမ်းကုန်းမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်အရေးယူဆောင် ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Credit : Yangon Police
http://www.phothutaw.com/2014/02/blog-post_1251.html

0 comments:

Post a Comment