Monday, February 3, 2014

အိမ်၊ ခြံ၊ မြေ အငှားငြိမ်နေရာမှ ပြန်သွက်


ရန်ကုန်မြို့တွင် နိုင်ငံခြားသားများ အိမ်၊ ခြံ၊ မြေ ပြန်လည် ငှားရမ်းလာကြသဖြင့် ဇန်နဝါရီလဆန်းပိုင်းက လျော့နည်းခဲ့သော အငှားဈေးကွက် ပြန်သွက်လာကြောင်း ရန်ကုန်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

လုပ်ငန်းအတွက် မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားသားများ ငှားရမ်းမှုများကာ ကွန်ဒိုအခန်းများ ပိုမိုအငှားသွက်ကြောင်း ရန်ကုန်မြို့မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဒေါ်ချောစုက ပြောကြားသည်။
“အော်ရီဒူးတို့၊ တယ်လီနောတို့လို ကုမ္ပဏီတွေကလည်း နိုင်ငံခြားသားတွေ အများကြီးလာတော့ အငှားဖြစ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့် နေကြသောကြောင့် အရောင်းအဝယ် ဆက်လက်အေးနေကာ ငှားရမ်းမှုများသာ များနေကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ မန်နေဂျာ ဦးနေဇော်အောင်က ရှင်းပြသည်။
အိမ်၊ ခြံ၊ မြေ တစ်ပေပတ်လည် အခွန်နှုန်းထားများ ထုတ်ပြန်ခဲ့သော ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးသွားခဲ့ခြင်း ဖြစ်ပြီး ငှားရမ်းမှုများသာ ဈေးကွက်တွင် ရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြား သည်။

The Voice Weekly

0 comments:

Post a Comment