Monday, February 3, 2014

နယ်တကာလှည့် ပါးရိုက်ရဲတဲ့ ဝန်ကြီးဦးအုန်းမြင့်

ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတဲ့ သူဖြစ်သလို ခါးကြားမှာ သေနတ်ထိုး ပခုံးပေါ်မှာသနတ်လွယ်အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး ဘာမှမတိုးတက်ဘူးလို့ ပြောနေသူတွေဟာ အရူးတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ထမင်း တနပ်ပဲစား၊ ဖရောင်းတိုင်ထွန်း ဆိုတဲ့ စကားတွေထက် ပိုပြီး ပေါက်မြောက်သွား ပါတယ်။ နို့သောက်ကြဟေ့ ဆိုတာထက်လည်းပါက်ပါတယ်။

ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူတွေ ဒီလိုပဲ၊ ဆဲဆိုကြိမ်းမောင်းတာလောက်ပဲ လုပ်တတ်တာပါ ဆိုတဲ့ အယူအဆတခုကို သက်သေပြလိုက်တာလည်းဖစ်နိုင်ပါတယ်။

စစ်ခေါင်းဆောင်များအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူတွေဟာ တကယ်တော့ အဲဒီထက်မက လုပ်တတ်သူတွေပါ။ လုပ်ရည်ကိုင်ရည်ရှိလို့လည်း လွှတ်တော်ထဲမှာ သူတို့ပဲ ရောက်နေကြတာ မဟုတ်လား။ တချို့လည်း စစ်ယူနီဖောင်းနဲ့၊ တချို့လည်း တိုက်ပုံနဲ့ ဘာနဲ့။

ဦးအုန်းမြင့်က ဘယ်လိုလူလဲ။

အွန်လိုင်းမှာ စာဖိုင်အဖြစ်လည်း တွေ့ကြရမှာပါ။ ၀န်ကြီးဦးအုန်းမြင့် ပြောရဲဆိုရဲရှိစွာ ပြောဆိုထားချက်တွေ ပါဝင်တဲ့ စာဖိုင်တခုကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး ခင်ဗျားတို့ မှတ်ထားကြ။

ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက် ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာရှင်းတယ်နော် ကျွန်တော်ပြောတာ ဘယ်နိုင်ငံရေးပါတီမှ လည်း မကြောက်ဘူး။

ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ နိုင်ငံရေးစကားဆိုတာ တက်နေတဲ့ အစိုးရ အပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။

ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲထည့်မှာပဲ

အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင်သွား မင်းအချုပ်ထဲနေ ငါတို့အစိုးရထွက်ရင် မင်းထွက်၊ ဒါပဲ ...

... ပြောခွင့်ရှိတဲ့အတွက် ကျွန်တော်ပြောတယ် ...

...ရေးချင်တာရေး..မကြောက်ဘူး..ပုဆိုးလှန်ပြလိုက်မယ် ...

... ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာရလာတာ ...

... ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှလုပ်မပေးဘူး. တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။

တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော် ...

ဧရာဝတီblog

0 comments:

Post a Comment