
ပညာနှင့်တူသော အလင်းရောင်သည်မရှိ။
► မြတ်ဗုဒ္ဓ
ပညာ၏အမြစ်ကားခါး၏။ သို့သော်အသီးကားချို၏။
► အရစ္စတိုတယ်
မနက်ဖြန် သေရတော့မည့်အတိုင်း နေထိုင်ပါ။ ထာဝရနေမည့်အတိုင်း လေ့လာသင်ယူပါ။
► ဂန္ဓီ
ကမ္ဘာကိုပြောင်းလဲစေဖို့ စွမ်းအား အကြီးဆုံး လက်နက်ကတော့ ပညာရေးဖြစ်ပါတယ်။
► မင်ဒဲလား
ဥာဏ်ပညာနဲ့ ကိုယ်ကျင့်တရား ပေါင်းစပ်ထားမှသာ စစ်မှန်တဲ့ ပညာရေးဖြစ်မယ်။
► မာတင်လူသာကင်း (ဂျူနီယာ)
ကလေးတွေကို ဘယ်လိုတွေးခေါ်ပါလို့ သင်ပေးပါ။ ဘာကိုတွေးခေါ်ပါလို့ မသင်ပေးပါနဲ့။
►မာဂရက်မိဒ်
ယနေ့ခေတ် ပညာရေးသမားတွေရဲ့ အလုပ်တာဝန်က သစ်တောတွေကို ဖျက်ဆီးဖို့ မဟုတ်ပါဘူး။ ကန္တာ ရတွေကို ရေပေးဖို့ဖြစ်ပါတယ်။
► စီးအက်စ် လူးဝိစ်
အသွားနှေးတာ အရေးမကြီးဘူး။ မရပ်သွားဖို့က အဓိကပါ။
►ကွန်ဖြူးရှပ်
ကလေးတွေဟာ သူတို့ကိုဘာသင်ပေးတယ်ဆိုတာထက် သင်ကြားပေးသူ ဘာလဲဆိုတာကို ပိုသတိရကြ တယ်။
► ဂျင်ယန်ဆန်
ဆန္ဒမရှိဘဲသင်ယူခြင်းဟာ မှတ်ဥာဏ်ကို ပျက်စီးစေပါတယ်။
► လီယိုနာဒို ဒါဗင်ချီ
ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ အကောင်းဆုံးအကျိုး ကျေးဇူးကိုပြန်ရစေပါတယ်။
► ဘင်ဂျုမင် ဖရန်ကလင်
ပညာသည် ဘဝအတွက် ပြင်ဆင်နေခြင်းမဟုတ်၊ ပညာသည်ဘဝပင်ဖြစ်သည်။
► ဂျွန်ဒေဝီ
ပညာရေးသည် လွတ်လပ်ခြင်း တံခါးကိုဖွင့်ရန် တစ်ခုတည်းသော သော့တစ်ချောင်း ဖြစ်သည်။
► ဂျော့ဝါရှင်တန်ကာဗာ
ကျွန်တော် မုန်တိုင်းကိုမကြောက်ဘူး။ ရွက်လွှင့်ခြင်းပညာသင်ထားလို့ပါ။
► အဆီးလက်စ်
ပညာမဲ့သူအဖို့ အေ (A) ဆိုတဲ့ စကားလုံးဟာ တုတ်ချောင်းသုံးချောင်းသာလျှင် ဖြစ်နေမယ်။
► အေ အေ မိုင်း
ပညာဆိုတာဟာ သင်ပြီးသမျှမေ့ပျောက်ပြီး ကျန်ခဲ့တဲ့အရာသာ ဖြစ်ပါတယ်။
► ဘီအက်စကင်နာ
လူတချို့သာလျှင် အသိပညာ ရေတွင်းကရေကိုသောက်သုံးကြတယ်။ အများစုကတော့ ပလုတ်ကျင်းကြ တယ်။
► ရောဘတ် အန်တိုနီ
ပညာရေးပန်းတိုင်ဟာ အသိပညာဖြစ်တယ်။ အချက်အလက်တွေ မဟုတ်ဘူး။
► ဝီလျံ ဘာရော့စ်
ပညာရေးဟာ ယဉ်ကျေးမှုဖြစ်စဉ် တစ်ခုဖြစ်တယ်။
► ဝဲလ် ဒူးရန့်
ပညာသည် ကာလ၊ဒေသ၊ပယောဂနှင့် ယှဉ်ရမည်။
► ဗိုလ်ချုပ်အောင်ဆန်း
ပညာဆိုတာ ကိုယ်ပေးလိုက်တဲ့ သူဆီမှာ ရပ်မနေဘဲ ဆက်ပြီးပျံ့နှံ့သွား ပါလိမ့်မယ်။
Popular
0 comments:
Post a Comment