
တစ်ချို့လည်း သိကြမှာပါ။ မသိသေးသူတွေအတွက် ထပ်မံဖော်ပြလိုက်တာပါ။ ကျောက်နဂါးကြီးကို စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆင်ခေါင်းတောင်ရှိ ၂၀၀၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ဘိုးမင်းခေါင် ကိုယ်ပွားပုံတော်အတွက် ကျောက်ဖျာရှာရင်း တူးဖော် ရရှိခဲ့ကြောင်း၊ အရှည် ၆၅ ပေရှိ အင်ကြင်ကျောက်ကြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးသန်းခန့် အင်ကြင်းပင်ကြီး လဲကျရာမှ ဖြစ်ပေါ်ခဲ့သော ပရိုင်းမိတ် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်ကြောင်းရှးဟောင်းသုတေသီများ ခန့်မှန်းချက်အရ သိရှိရပါသည်။
ကျောက်နဂါးကြီးမှာ အနောက်မှ အရှေ့သို့ တွားသွားနေဟန် သဘာဝအတွန့် ခုနစ်တွန့် ပါရှိပြီး မိမိလာရာလမ်းကြောင်းကို သုံးသပ်သည့် ဟန်ဖြင့် ဦးခေါင်းနောက်ပြန်လှည့် ကြည့်သည့် အနေအထား ဖြစ်နေကြောင်း သိရှိရသည်။
ယခုအခါ မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးခရီးသည်များ နေ့စဉ်လာရောက် အဓိဋ္ဌာန် ၀င်ကြကြောင်း၊ကမ္ဘာလှည့် ခရီးသည်များလည်းလာရောက် လေ့လာကြကြောင်း သိရှိရသည်။
ယုံကြည်သူ တွေကတော့ ကျောက်နဂါးနဲ့ ကျောက်ကလေး မှာအဓိဌာန်ပြုပြီး ဆုတောင်းကြတာ ဆုတောင်းပြည့်သတဲ့။
ဘယ်လိုပဲဖြစ်ပါစေ ....ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သဘာဝ ကပေးတဲ့ အလှအပ၊ ထူးဆန်းမှု့တွေကိုတာ့ ပရိတ်သတ်ကြီးတို့ လမ်းကြုံရင် အလယ်တစ်ခေါက်လောက်တော့ သွားလေ့လာစေချင်ပါတယ်...
Arkar Thaung
CityLife Burma
0 comments:
Post a Comment