Tuesday, February 4, 2014

အိုင်အန်ဂျီအိုတွေ ရခိုင်ကနေ ထွက်သွားဖို့ ဒေသခံတွေ ထပ်မံတောင်းဆို

Photo: အိုင်အန်ဂျီအိုတွေ ရခိုင်ကနေ ထွက်သွားဖို့ ဒေသခံတွေ ထပ်မံတောင်းဆို
======================================

4th February 2014 

ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ အိုင်အန်ဂျီအိုတွေ ဒေသထဲကနေထွက်ခွာသွားဖို့နဲ့ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို အစိုးရ အမြန်ဆုံး အကောင်အထည်ဖော်လုပ်ဆောင်ကြဖို့အတွက် ရခိုင်ဒေသခံတွေက မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ စစ်တွေမြို့မှာရှိတဲ့ ဦးဥတ္တမ ပန်းခြံမှာ လူပေါင်း ၂၀၀၀ ကျော် စုစည်းခဲ့ကြပြီး လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ အချက် ၆ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတဲ့အထဲမှာ ရခိုင်ပြည် အမျိုးသမီးကွန်ယက်နဲ့ စစ်တွေမြို့မှာရှိတဲ့ လူမှုကွန်ယက်တွေအပြင် သံဃာတော် အပါး ၂၀၀ နီးပါးလည်း ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေး က အခုလို ပြောပါတယ်။

“ဒီတစ်ခေါက် ဖြစ်သွားတဲ့ ဇန္န၀ါရီလ ၁၄ ရက်နေ့က MSF က ပုဂ္ဂိုလ်က ဒုချရာတန်းမှာ လူ ၂၂ ယောက်ကို ဓါးဒဏ်ရာနဲ့ ဆေးကုပေးလိုက်ရတယ်ဆိုပြီးတော့ လိမ်လည်ပြီးတော့ သူက မီဒီယာ တွေမှာ တက်တယ်။ တကယ့် တကယ် စစ်ဆေးလိုက်တဲ့ အချိန်မှာ အဲ့လူ ၂၂ ယောက်လုံး ဘာမှ လူနာမည်လည်း မပေးနိုင်ဘူး၊ ဒဏ်ရာရတဲ့ လူတွေကိုလည်း ဖော်ပြမပေးနိုင်ခဲ့ဘူး။ သက်ဆိုင်ရာတွေကလည်း ဆင်းပြီး စစ်ဆေးကြည့်တဲ့အခါမှာ ဘာမှ မဖြစ်ဘူး။ ကျမတို့ ပြည်သူတွေက လုံခြုံမှု မရှိဘူးဆိုပြီး ခံစားနေရတယ်၊ ဒါကြောင့်မို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြလိုက်တာ။”

တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဒေါ်ညိုအေး က အခုလိုဆက်ပြောပါတယ်။

“၁၉ ၈၂ ခု မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေကို လွတ်တော်ဆုံးဖြတ်ချက်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ နံပါတ် ၂ က White Card နှင့် ယာယီနိုင်ငံသား မှတ်ပုံတင်များအား ဆန္ဒမဲခံယူပိုင်ခွင့် ဆန္ဒမဲပေးပိုင်ခွင့် လုံးဝ မရှိစေရန်၂၀၁၄ သန်းခေါင်စာရင်းမကောက်ယူမှီ အင်အားစုများကို အစိုးရမှ ကြေညာရန် ဆိုတဲ့အချက်၊ နောက်တချက်ကတော့ ဒေသခံ လုံခြုံရေး တာဝန်ယူနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ခေတ်မှီလက်နက် တပ်ဆင်ရန်၊ နံပါတ် ၄ ကတော့ ဘင်္ဂလီများကို ဘက်လိုက်တဲ့ နိုင်ငံတွေကို လက်မခံဘူးဆိုတဲ့ အချက် တစ်ချက်၊ နောက်တချက်ကတော့ UN နဲ့  NGO တွေကို ၀င်ခွင့်မပြုဘူးဆိုတဲ့ တချက်ပါ၊ နောက်တချက်ကတော့ MSF ကို ၇ ရက်အတောအတွင်း ရခိုင်ပြည်နယ်ထဲက ထွက်ပေးရမယ်ဆိုတဲ့ ကျမတို့ တောင်းဆိုချက်တွေ ထုတ်လိုက်တယ်။” 

ဒီဆန္ဒဖော်ထုတ်ပွဲကို စစ်တွေမြို့နယ် အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်နဲ့ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Australia
ရခိုင်ပြည်နယ်အတွင်းမှာရှိနေတဲ့ အိုင်အန်ဂျီအိုတွေ ဒေသထဲကနေထွက်ခွာသွားဖို့နဲ့ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို အစိုးရ အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်ကြဖို့အတွက် ရခိုင်ဒေသခံတွေက မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ စစ်တွေမြို့မှာရှိတဲ့ ဦးဥတ္တမ ပန်းခြံမှာ လူပေါင်း ၂၀၀၀ ကျော် စုစည်းခဲ့ကြပြီး လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ အချက် ၆ချက်ကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတဲ့အထဲမှာ ရခိုင်ပြည် အမျိုးသမီးကွန်ယက်နဲ့ စစ်တွေမြို့မှာရှိတဲ့ လူမှုကွန်ယက်တွေအပြင် သံဃာတော် အပါး ၂၀၀ နီးပါးလည်း ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ရခိုင်ပြည်နယ်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေး က အခုလို ပြောပါတယ်။

“ဒီတစ်ခေါက် ဖြစ်သွားတဲ့ ဇန္န၀ါရီလ ၁၄ ရက်နေ့က MSF က ပုဂ္ဂိုလ်က ဒုချရာတန်းမှာ လူ ၂၂ ယောက်ကို ဓါးဒဏ်ရာနဲ့ ဆေးကုပေးလိုက်ရတယ်ဆိုပြီးတော့ လိမ်လည်ပြီးတော့ သူက မီဒီယာ တွေမှာ တက်တယ်။ တကယ့် တကယ် စစ်ဆေးလိုက်တဲ့ အချိန်မှာ အဲ့လူ ၂၂ ယောက်လုံး ဘာမှ လူနာမည်လည်း မပေးနိုင်ဘူး၊ ဒဏ်ရာရတဲ့ လူတွေကိုလည်း ဖော်ပြမပေးနိုင်ခဲ့ဘူး။ သက်ဆိုင်ရာတွေကလည်း ဆင်းပြီး စစ်ဆေးကြည့်တဲ့အခါမှာ ဘာမှ မဖြစ်ဘူး။ ကျမတို့ ပြည်သူတွေက လုံခြုံမှု မရှိဘူးဆိုပြီး ခံစားနေရတယ်၊ ဒါကြောင့်မို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြလိုက်တာ။”

တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး ဒေါ်ညိုအေး က အခုလိုဆက်ပြောပါတယ်။

“၁၉ ၈၂ ခု မြန်မာနိုင်ငံသား ဖြစ်မှု ဥပဒေကို လွတ်တော်ဆုံးဖြတ်ချက်ဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ နံပါတ် ၂ က White Card နှင့် ယာယီနိုင်ငံသား မှတ်ပုံတင်များအား ဆန္ဒမဲခံယူပိုင်ခွင့် ဆန္ဒမဲပေးပိုင်ခွင့် လုံးဝ မရှိစေရန်၂၀၁၄ သန်းခေါင်စာရင်းမကောက်ယူမှီ အင်အားစုများကို အစိုးရမှ ကြေညာရန် ဆိုတဲ့အချက်၊ နောက်တချက်ကတော့ ဒေသခံ လုံခြုံရေး တာဝန်ယူနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအား ခေတ်မှီလက်နက် တပ်ဆင်ရန်၊ နံပါတ် ၄ ကတော့ ဘင်္ဂလီများကို ဘက်လိုက်တဲ့ နိုင်ငံတွေကို လက်မခံဘူးဆိုတဲ့ အချက် တစ်ချက်၊ နောက်တချက်ကတော့ UN နဲ့ NGO တွေကို ၀င်ခွင့်မပြုဘူးဆိုတဲ့ တချက်ပါ၊ နောက်တချက်ကတော့ MSF ကို ၇ ရက်အတောအတွင်း ရခိုင်ပြည်နယ်ထဲက ထွက်ပေးရမယ်ဆိုတဲ့ ကျမတို့ တောင်းဆိုချက်တွေ ထုတ်လိုက်တယ်။” 

ဒီဆန္ဒဖော်ထုတ်ပွဲကို စစ်တွေမြို့နယ် အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့်နဲ့ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Australia

0 comments:

Post a Comment