Tuesday, February 4, 2014

ဒုက္ခသည်တွေကို ပြန်မတွန်းထုတ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန်တိုက်တွန်း


မန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာမယ့် မွတ်စလင် ရိုဟင်ဂျာတွေကို ပြန်မတွန်းထုတ်ကြဖို့ အမေရိကန်အစိုးရက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းလိုက် ပါတယ်။
အဲဒါအပြင် ဘင်္ဂလားဒေရှ်နိုင်ငံ Cox Bazar ဒုက္ခသည်စခန်းမှာရှိတဲ့ဒုက္ခသည်တွေကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက လူသားခြင်း စာနာထောက်ထားတဲ့ အထောက်အပံ့တွေ ပေးခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဌာနက အဆင့်မြင့် တာဝန်ရှိသူတွေ တွေ့ဆုံစဉ် တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ဒေးလီးစတား သတင်းဌာနကဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကို ပြန်ပို့ကိစ္စနဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ မွတ်စလင် ရိုဟင်ဂျာတွေ ကိစ္စကို မြန်မာနိုင်ငံနဲ့ ထပ်မံဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့တော့ ဘင်္ဂလားဒေ့ရှ်က တာဝန်ရှိသူတွေက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အဆင့်မြင့်အကြံပေးပုဂ္ဂိုလ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ကတည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးသွားတဲ့ မွတ်စလင် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကပေးမ၀င်တဲ့အပြင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း သုံးဖွဲ့ကိုလည်း Cox Bazar ဒုက္ခစခန်းသည်ထဲဝင်ဖို့ ပိတ်ပင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းနှစ်ခုထဲမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်ဦးရေ သုံးသောင်းလောက်ရှိပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည်ဦးရေ သုံးသိန်းကျော်ရှိ တယ်လို့ သိရပါတယ်။

ABC Australia

0 comments:

Post a Comment