နေရောင်ခြည်ရဲ့ အရေပြားကို ထိတွေ့တဲ့အချိန်က သွေးတိုးကျစေပြီးနှလုံးရောဂါရဲ့ လေဖြတ်ခြင်းတွေကိုလည်း ကာကွယ်နိုင်တယ်လို့ အီဒင်ဘာ့ဂ်နဲ့ ဆောက်သမ်ပတန် တက္ကသိုလ်တွေက ပြုလုပ်တဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။
နေရောင်ခြည်ဟာ အရေပြားနဲ့ သွေးထဲမှာနိုက်ထရစ်အောက်ဆိုဒ်ဓာတ်ပမာဏကို ပြောင်းလဲစေ တာကြောင့် သွေးဖိအား ကျဆင်းစေတာ ဖြစ်ကြောင်းသိရှိရပါတယ်။
ဆောက်သမ်ပတန် တက္ကသိုလ်ဆေးလက်တွေ့ဆိုင်ရာ ဆေးပညာဌာနမှ ပါမောက္ခ
နေရောင်ခြည်နဲ့ ထိတွေ့လိုက်ရင် အရေပြားမှာရှိတဲ့ နိုက်ထရစ် အောက်ဆိုဒ်အနည်းငယ်ဟာ သွေးစီးကြောင်းထဲကို ရောက်ရှိသွားပြီး သွေးကြောနံရံဖိအားကို လျော့ကျစေ ပါတယ်။ဒီအာနိသင်ကြောင့် သွေးတိုးရောဂါတင်မကပါဘူး။ နှလုံးရုတ်တရက် တိုက်ခိုက်မှုနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်နိုင်ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် နေရောင်ခြည်နဲ့ ကြာကြာထိတွေ့ရင်အရေပြား ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကလည်း ရှိနေတဲ့အတွက် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အချိန်ကိုလည်း ဘေးအန္တရာယ်ဖြစ်နိုင်လောက်အောင် ကြာမြင့်နေလို့ မရကြောင်းကိုလည်း အီဒင်ဘော့ဂ်တက္ကသိုလ်မှ သုတေသီ Dr. Richard Weller က ပြောကြားထားပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ UVA ဟာလည်းသွေးကြောနံရံကို ပျော့ပြောင်းစေပြီး သွေးဖိအားကို ကျဆင်းစေတယ်လို့ သိရှိရပါတယ်။
ဒီလေ့လာမှုကို Journal of Investigative Dermatology မှာ ဖော်ပြထားပါတယ်။
သန့်စင်
Ref; ANI
Health Updates Journal
0 comments:
Post a Comment