ချောင်းအ
တွင်းထိုး ကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဖြစ်ပွား ပုံမှာ ရန်ကုန်မှ
မန္တလေးသို့ ယာဉ်မောင်း ကျော်နိုင်ဦး မောင်းနှင်သော ၃ဃ/---- တိုယိုတာ
လင်ခရူဇာ မီးခိုး ရောင်ယာဉ်မှာ ဝဲဘက် နောက်ဘီး ပေါက်ြပီး အရှိန်
မထိန်းနိုင်ဘဲ အထက်ဆည် ကြီးချောင်း တံတားအောက် ၁၅ ပေခန့်ရှိ ချောင်းအတွင်း
ထိုးကျ သွားခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါမဥမ္မာလွင် ၂၅
နှစ် (ဘ) ဦးစိုးလွင် မြစ်ကြီး နားမြို့နေသူမှာ ဦးခေါင်း နောက်စေ့၊ ဝဲပါး၊
နဖူး၊ နှာခေါင်း တို့တွင် ဒဏ်ရာ များရ ရှိကာ အခင်းဖြစ် နေရာတွင်
သေဆုံးပြီး ယာဉ်မောင်း ကျော်နိုင်ဦးမှာ ပွန်းပဲ့ ဒဏ်ရာ များ (စိုးရိမ်ရ)
ရရှိခဲ့ သည်။ ယာဉ်မှာ ဝဲ/ယာ ရှေ့မီးသီးကွဲ၊ ခေါင်မိုး ပိန်ချိုင့်၊
ရှေ့နောက် ဘေးမှန် များကွဲ၊ ရှေ့ဘန်ဘာ ပိန်ချိုင့်၊ ဘော်ဒီယာ ဘက်ခြမ်း
ပိန်ချိုင့် ပျက်စီးပြီး ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၅ သိန်းခန့် ပျက်စီး
ဆုံးရှုံး သွားခဲ့ သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ကျော်နိုင်ဦး ၄၉
နှစ်(ဘ) ဦး ကိုကိုကြီး မြို့သစ်ရပ်ကွက်၊ ချမ်းမြ သာစည် မြို့နယ် နေသူအား
သီးကုန်း အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ)၃/၂ဝ၁၄ ပြစ်မှု ပုဒ်မ ၃ဝ၄-က/၃၃၈အရ
အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment