Monday, January 20, 2014

တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ UWSA မတက်

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လေးဝါးခေါ် လောခီးလာစခန်းတွင် ပြုလုပ်မည့် တိုင်းရင်း သားခေါင်းဆောင်များ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးေ ဆွးနွေးပွဲ သို့ “၀” ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA) တက်ရော က်နို င်တော့ မည် မဟုတ်ဟု UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ဇန်န၀ါရီလ ၁၉ ရက်တွင် ပြောသည်။

ဇန်န၀ါရီ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သော တိုင်းရင်းသားတို့၏ ဒုတိယညီလာခံတွင် ဆွေးနွေး မည့် တစ် ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာတမ်းကို အချိန်နီးကပ်မှ ရရှိ သဖြင့် UWSA ဗဟိုကော်မ တီဝင်များနှင့် ဆွေးနွေးရန် အချိန်မရှိ၍ မတက်ရောက်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“စာတမ်း သိပ်နောက်ကျရတာလည်း ပါတယ်။ စာတမ်းတွေကို နောက်ကျမှရတော့ ဘာသာပြန်ရအုန်းမယ်၊ အချိန်ယူရဦးမယ်၊ ပြီးတော့မှ အဖွဲ့အစည်းက လူကြီးတွေကို တင်ပြပြီးတော့ လူကြီးတွေ လေ့လာ သုံးသပ် ဆွေးနွေးကြရဦးမယ်၊ ဒီတော့ အချိန်က မရှိတော့ ဘူး။ စကားမပေါက်တာတွေလည်း ပါပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ညီလာခံတက်ရောက်ရန် UWSA တပ်ဖွဲ့ကို ဇန်န၀ါရီ ၈ ရက်က KNU မှပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်း သွားရောက်ဖိတ်ကြားခဲ့ပြီး တိုင်းရင်းသားများ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လည်း ရှင်းပြခဲ့သည်ဟု ဖဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောထား သည်။

UWSA အနေဖြင့် ဒုတိယအကြိမ်ညီလာခံသို့ မတက်ရောက်နိုင်သော်လည်း တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း ဦးအောင်မြင့်က ပြောသည်။

“ဒီကိစ္စဆွေးနွေးတာတော့ ကောင်းပါတယ်။ လိုလည်း လိုတယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေး သဘောတူထားတဲ့အဖွဲ့လေ။ ဒါကြောင့်မို့လို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့က တစိုက်မတ်မတ် ထောက် ခံတယ်။ ဆွေးနွေးမယ့်စာတမ်းရတာ သိပ်နောက်ကျတော့ မလေ့လာရသေးဘူး။ အစိုးရဘက်က မူကြမ်း တွေလည်း ဘာမှမသိဘူးဆိုတော့ ဒါကြောင့်မို့ မတက်တော့တာ”ဟု ဆက်ပြောသည်။

အလားတူ UWSA ခေါင်းဆောင်များ တက်ရောက်လာခြင်းမရှိသဖြင့် မိုင်းလားအဖွဲ့ကလည်း တက် ရောက်မည်မဟုတ်ကြောင်း သူက ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင် ဘာလ ၂ ရက်အထိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာတွင် ကျင်းပသော ဒုတိယညီလာခံ ကိုလည်း UWSA က အဖွဲ့ခေါင်းဆောင်များ ကျန်းမာရေးအကြောင်းပြ၍ တက်ရောက်ခြင်းမရှိခဲ့ပေ။

ဇန်န၀ါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ KNU နယ်မြေ လောခီးလာစခန်းတွင် တိုင်းရင်းသားခေါင်းဆောင် များက တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ဆုံးဖြတ်ကြမည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment