Monday, January 20, 2014

ချင်းပြည်နယ်ကိုယ်စားပြု သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ကော်မတီဖွဲ့မည်

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူချိန်တွင် မှားယွင်းနေသော လူမျိုးစု၊ မျိုးနွယ်စု အမည်များမှစ ၍ အခြား ကွဲပြားမှုများမဖြစ်စေရန် ချင်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုသော ချင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ကော်မတီတစ်ခုကို ဖွဲ့စည်းသွားမည်ဟု ကော်မတီဖြစ်မြောက်ရေးအဖွဲ့ဝင် Gen- der and Development Initiative အဖွဲ့မှအမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က မဇ္ဈိမကိုပြော သည်။

“ကော်မတီဖွဲ့ပြီးတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ် သလို အစိုးရ အဖွဲ့နဲ့လည်း တွေ့ဆုံနိုင်ဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ချင်းလူမျိုးအောက်တွင် မျိုးနွယ်စုအမည်များကို စုပေါင်းကောက်ယူ နိုင်ရန်အပါအ၀င် အခြားရည်ရွယ်ချက်များဖြင့် ယင်းသို့ ကော်မတီ ဖွဲ့စည်းခြင်းဖြစ်သည်။

ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲဘစ်ထောင်းက “ချင်းလူမျိုးက ၅၃ မျိုးပဲဖြစ် ဖြစ် ၁၀၀ ပဲဖြစ်ဖြစ်။ အဲဒါက ကျွန်တော်တို့ ချင်းတွေအတွက် အရေးမကြီးဘူး။ မျိုးနွယ် စုတွေ အားလုံးကို ချင်းလူမျိုးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်ပေးတာကိုပဲ မြင်ချင်ပါတယ်”ဟု ပြောသည်။

မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာ၌ ကုတ်နံပါတ်များတွင် ပါဝင်ခြင်း မရှိသော ချင်း လူမျိုးစု၊ မျိုးနွယ်စုအမည်များ ထည့်သွင်းပေးရန်၊ မျိုးနွယ်စုစာရင်းတွင် မပါ သင့်သော မျိုးနွယ်စုများကို ပယ်ဖျက်ပေးရန်၊ လွဲမှားနေသော မျိုးနွယ်စု၊ လူမျိုးစုအမည်နှင့် ကုတ်နံပါတ်များကို ပြင်ဆင်ပေးရန်နှင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသူများ၊ မလေး ရှားနှင့် အိန်္ဒိယနိုင်ငံတွင် ဒုက္ခသည်များအဖြစ် ခို လှုံနေသော ချင်းတိုင်းရင်းသားများအား ၎င်းတို့နှင့် သက်ဆိုင်ရာ သံရုံးများထံတွင် သန်းခေါင်စာရင်းပေး သွင်းရာတွင် မှန်ကန်မှုရှိရှိဖြင့် အဆင်ပြေစေ ရန်အတွက် ယင်းကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ပြီး ကော်မတီ ၀င် ၂၁ ဦး ပါဝင်မည်ဖြစ်သည်။

ဆလိုင်းကျဲဘစ်ထောင်းက “တိုင်းရင်းသားတွေအတွက်ကတော့ သန်းခေါင်စာရင်းကောက် ယူရေး က ၂၀၁၅ ရွေးကောက်ပွဲထက်တောင် အကျိုးဆက်က ပိုကြီးပါတယ်။ ဒါက လူမျိုး တစ်ခု ရဲ့ ပြယုဂ်ပြဿနာ ပါ”ဟု ဆိုသည်။

ဖွဲ့စည်းမည့်ကော်မတီတွင် ချင်းပြည်နယ်တစ်ခုလုံးရှိ မြို့နယ်ကိုးခုမှ မျိုးနွယ်စုခေါင်းဆောင် ကိုယ်စား လှယ်များနှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် စသော မြေပြန့်ဒေသများ တွင် နေထိုင်သော ချင်းမျိုးနွယ်စုများမှ ကိုယ်စားလှယ် ၁၃ ဦး၊ ချင်းနိုင်ငံရေးပါတီများမှ ကိုယ်စား လှယ် ခြောက်ဦးနှင့် အရပ် ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှစ်ဦးတို့ဖြင့် ဇန်န၀ါရီ ၂၁ ရက်တွင် အပြီးသတ် ဖွဲ့စည်းသွား မည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းဟောင်း ကောက်ယူခဲ့သည့်အတိုင်း ကုတ်နံပါတ် များဖြည့်သွင်း၍ ကောက်ခံရန် ကြိုးစားနေခြင်းကို မလုပ်သင့်ဘဲ သက်ဆိုင် ရာဒေသများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်း၍ အချိန်ယူလုပ်ဆောင်ပေး သင့် သည်ဟုတိုင်းရင်းသားအဖွဲ့အစည်း ပေါင်းစုံကလည်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

သန်ခေါင်းစာရင်းကောက်ယူရေးတွင် အစိုးရသတ်မှတ်ထားသော လူမျိုးစုနာမည်များ မှားယွင်းမှုနှင့်ပတ်သတ်၍ ပြန်လည် ပြင်ဆင်ပေးရန် ကူးကီးတိုင်းရင်းသားများနှင့် ကယန်း တိုင်းရင်းသားများက သတင်းစာ ရှင်းလင်းပွဲများနှင့် ကြေညာချက်များလည်း ဇန်န၀ါရီလ အတွင်း ပြုလုပ်ခဲ့သည်။

အဆိုပါ ထုတ်ပြန်တောင်းဆိုချက်များကို သမ္မတအပါအ၀င် လွှတ်တော်များ၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ.၀.က)၊ သန်းခေါင်စာရင်းကောက် ယူရေး အဖွဲ့များထံ ပေးပို့ထားကြသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ယင်း တိုင်းရင်း သား အဖွဲ့ နှစ်ဖွဲ့က ပြောဆိုထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment