Tuesday, January 21, 2014

မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်း ရေချိုပုစွန်သားဖောက် လမ်းညွှန်ချက်များထုတ်ဝေသွားမည်

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ယခုလ ဒုတိယပတ်အတွင်း ပြုလုပ် ခဲ့သည့် ရေချို ပုစွန်မွေးမြူရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေး ပွဲ၏ ဆွေးနွေးချက်များအရ မြန်မာ နိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်းက ရေချိုပုစွန်သားဖောက်သည့်လုပ် ငန်းစဉ်များတွင် လိုက်နာ ရမည့် အချက်အလက်များကို လမ်းညွှန် ချက်အဖြစ် ဆောင်ရွက်သွားရန် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေချိုပုစွန်သားဖောက်ရာတွင် ဥဆောင်ထားသော ပုစွန်အမကြီး များကို မြစ်အတွင်းမှ ဖမ်း၍ထုတ် လုပ်မှုများရှိပြီး မွေးကန်များအတွင်း ဥဆောင်ပုစွန်အမကြီးများကို မွေး မြူထုတ် လုပ်မှု များရှိကြောင်း သိရ သည်။

''သဘာဝရေပြင်က ဖမ်းဆီးတဲ့ ပုစွန်အမကြီးက သန်စွမ်းတဲ့ သား ပေါက်၊ သားလောင်းတွေရှိမယ် လို့ထင်ပေမယ့် အဲဒီလိုမဟုတ် တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သဘာဝရေပြင်တွေမှာ ပျက်စီးယို ယွင်းမှုတွေဖြစ်လာပြီ။ ဆေးဝါးသုံး စွဲမှုတွေကနေ အကျိုးသက်ရောက် မှုတွေရှိနိုင်တဲ့အပြင် ဘက်ထရီရှော့ တိုက်တာတို့ ပါရှိတဲ့အတွက် ဥ ဆောင်တဲ့ပုစွန်အမကြီးတွေရဲ့ ဥက အောင်မြင်မှုမဖြစ်တဲ့အနေအထား တွေဖြစ်တယ်။ သားဖောက်စခန်းတွေ မှာ ကျင့်သုံးရမယ့်လမ်းစဉ်တွေ၊ ငြသှနခကမငအပ တွေကို ကြပ်ကြပ်မတ် မတ်ဆောင်ရွက်ရမယ့် အနေအထား ဖြစ်တယ်။ မကြာမီမှာ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအနေနဲ့ ပုစွန် သားဖောက်တဲ့ကိစ္စကိုလမ်းညွှန်ချက် တွေ ထုတ်ဖို့ရှိတယ်''ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှဒုတိယ ဥက္ကဋ္ဌဦးဟန်ထွန်းကပြောသည်။

ဥဆောင်ထားသော ပုစွန်အမ ကြီးများ၏ ဥများအောင်မြင်မှုမရှိ သည့်အတွက် ရရှိလာသော သား ပေါက်များတွင် သေဆုံးမှုများဖြစ် ပေါ်နေသောကြောင့် ရေချိုပုစွန် သားဖောက်လုပ်ငန်း စဉ်များတွင် လိုက်နာရမည့် စည်းမျဉ်းစည်း ကမ်းများကို လမ်းညွှန်ချက်များ အဖြစ်ရေးသား သွားရန် ရှိကြောင်း သိရသည်။

၁၉၉၉ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် အထိ ပုဂ္ဂလိကသားဖောက်စခန်း များမှ ရေချိုပုစွန်သားပေါက် ၃၇၅၇ သိန်းထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ပုစွန်သည် White Meat ဖြစ်ပြီး ကျန်းမာရေးအရ အထောက်အကူ ပြုသော အဆင့်မြင့်ပရိုတင်းဖြစ် ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ရေချို ပုစွန်တိုးတက် ထုတ်လုပ်ရေးအတွက် သုတေသန ရန်ပုံငွေများ အကုန် အကျခံကာ မျိုးရိုးဗီဇမြှင့်တင် ရေးအစီအစဉ်များ လုပ်ဆောင်နေသော်လည်း မြန်မာ နိုင်ငံ အနေဖြင့် မျိုးကောင်းမျိုးသန့် များနှင့်ကန်သွင်း မွေးမြူထုတ်လုပ်မှု နည်းစနစ်များကို ထိန်းသိမ်း ကာ ရေချိုပုစွန် ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ အသင်း၏ ရေချိုပုစွန်တုပ်ကြီး မွေးမြူထုတ်လုပ်ရေးသုံးသပ်ချက် စာတမ်းအရ သိရသည်။

The Union Dailt

0 comments:

Post a Comment