Tuesday, January 7, 2014

ယောင်္ကျားက ဖောက်ပြန်လို့ မိန်းမဖြစ်သူနှင့် သမီးဖြစ်သူတို့ နှစ်ဦး အဆိပ်သောက် သေဆုံးသွားတဲ့ ၀မ်းနည်းဖွယ် ဖြစ်ရပ်၊ ယောင်္ကျားများ ကိုယ့်မိသားစု အပေါ် သစ္စာရှိရန်လို

၆.၁.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကော့မှူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကော့မှူးမြို့နယ်၊ လက်ခိုက် ကျေးရွာ တွင် သားအမိ(၂)ဦး အဆိပ်သောက်သေဆုံးနေကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ လက်ခိုက်ကျေးရွာနေ မ----နှင့် အသက်(၄)နှစ်ခန့်ရှိ၎င်း၏ သမီးတို့(၂)ဦးအား နေအိမ် ခြံဝင်းအတွင်းရှိ အိမ်သာရှေ့တွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ နှုတ်ခမ်းနှင့် လျှာများပြာနှမ်းကာ အဆိပ်သောက်ထားသည့် လက္ခဏာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါသည်။
၎င်းတို့သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းရာ မ----သည် ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အိမ်ထောင်ရေး ဖောက်ပြန်သည့်အတွက်စိတ်ညစ်ကာ သမီးဖြစ်သူနှင့်(၂)ဦးအတူ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ကော့မှူးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

0 comments:

Post a Comment