Wednesday, January 22, 2014

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် အဓိကစီစဉ် ညွှန်ကြားသူ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရ

Photo: အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် အဓိကစီစဉ် ညွှန်ကြားသူ ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံရ
Wednesday, January 22, 2014

ယမန်နှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြိုတော်ရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် အဓိက စီစဉ် ညွှန်ကြားခဲ့သူကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ကြောင်း အင်ဒိုနီးရှာနိုင်ငံထုတ် Jakarta Post သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတစ်စုက ၂၀၁၃ ခုနှစ် မေလတွင် မြို့တော်ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းစဉ် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အကြမ်းဖက် လူတစ်စုတွင် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆီဂီအင်ဒရာဂျီ (Sigit Indrajit) ဆိုသူကို အင်္ဂါနေ့ (ဇန်နဝါရီလ ၂၁) တွင် တောင်ပိုင်း ဂျကာတာ တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထောင်ဒဏ် ခုနှစ်ခွဲ ချမှတ်ခံခဲ့ရသူ ဆီဂီအင်ဒရာဂျီသည် တရားရုံးတွင် အမှုစစ် ဆေးခံနေစဉ်တွင် ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ ဝမ်းနည်းသည့် အရိပ်အယောင် မတွေ့ရဘဲ၊ မကြာခဏ ပြုံးနေလေ့ ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အစ္စလာမ်၏ ရန်သူများကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဆီဂီအင်ဒရာဂျီက ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် အေဖက်ပီသတင်းဌာနကို ပြောကြားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများနှင့် မြန်မာတို့ အကြားပဋိပက္ခနှင့် ပတ်သက်၍ လက်စားချေလိုသောကြောင့် ယခုကဲ့သို့ အင်ဒိုနီးရားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခြင်း ဖြစ်ကြောင်း အဆိုပါ အကြမ်းဖက်သမားများက ယခင်အမှုစစ်ဆေးစဉ်က ဝန်ခံ ပြောကြားထားသည်။

ထို့အတူ ယမန်နှစ်မေလက မြန်မာသံရုံး ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် အာကမန် တာအူဖီ (Achmad Taufi) ကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းသူများသည် အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Negara Islam Indonesia (အင်ဒိုနီးရှား အစ္စလာမ္မစ် နိုင်ငံတော်) အဖွဲ့၏ ဆက်စပ်နေသူများ ဖြစ်သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုသည် အင်ဒိုနီးရှား မွတ်ဆလင် အစွန်းရောက် ခေါင်းဆောင် အဘူဘာကာဘာရှီယာ (Abu Bakar Bashir) က ထောင်တွင်းမှနေ၍ မြန်မာနိုင်ငံကို သွားရောက် တိုက်ခိုက်ရန် လှုံဆော်ပြောကြားခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အဘူဘာကာဘာရှီယာသည် မွတ်ဆလင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဂျမားအစ္စလာမီးယား အကြမ်းဖက် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၎င်းအဖွဲ့ဝင် အချို့သည် နိုင်ငံခြားသား အများအပြား သေဆုံးခဲ့သော လူ ၂၀၂ ဦးသေဆုံးခဲ့သည့် ဘာလီကျွန်း ဗုံးခွဲမှုတွင် ကျူးလွန်ခဲ့သူများ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့ မွတ်ဆလင်အများစု နေထိုင်ရာနိုင်ငံဖြစ်ပြီး၊ အများစုမှာ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှနိုင်ငံများရှိ မွတ်ဆလင် နိုင်ငံများလောက် ဘာသာရေး တင်းကျပ်မှုမရှိဘဲ သဘောထား အလယ်အလတ်ရှိသော မွတ်ဆလင် အများစုရှိရာနိုင်ငံ ဖြစ်သည်။

သို့သော် အနည်းငယ်သော မွတ်ဆလင် အစွန်းရောက်သမားများမှာလည်း နှစ်ပေါင်း များစွာကပင် ရှိနေကြပြီး လွန်ခဲ့သော ၁၅ နှစ်အတွင်း ကမ္ဘာ့ မွတ်ဆလင် အကြမ်းဖက် လှုပ်ရှားမှုနှင့်အတူ ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်သည်။

The Voice Weekly
ယမန်နှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြိုတော်ရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြိုးပမ်းမှုတွင် အဓိက စီစဉ် ညွှန်ကြားခဲ့သူကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်ခုနစ်နှစ်ခွဲ ချမှတ်လိုက်ကြောင်း အင်ဒိုနီးရှာနိုင်ငံထုတ် Jakarta Post သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတစ်စုက ၂၀၁၃ ခုနှစ် မေလတွင် မြို့တော်ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းစဉ် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့သည်။

အဆိုပါ အကြမ်းဖက် လူတစ်စုတွင် အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်း ရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆီဂီအင်ဒရာဂျီ (Sigit Indrajit) ဆိုသူကို အင်္ဂါနေ့ (ဇန်နဝါရီလ ၂၁) တွင် တောင်ပိုင်း ဂျကာတာ တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထောင်ဒဏ် ခုနှစ်ခွဲ ချမှတ်ခံခဲ့ရသူ ဆီဂီအင်ဒရာဂျီသည် တရားရုံးတွင် အမှုစစ် ဆေးခံနေစဉ် တွင် ၎င်း၏လုပ်ရပ်နှင့် ပတ်သက်၍ ဝမ်းနည်းသည့် အရိပ်အယောင် မတွေ့ရဘဲ၊ မကြာခဏ ပြုံးနေလေ့ ရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အစ္စလာမ်၏ ရန်သူများကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဆီဂီအင်ဒရာဂျီက ထောင် ဒဏ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် အေဖက်ပီသတင်းဌာနကို ပြောကြားသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီများနှင့် မြန်မာတို့ အကြားပဋိပက္ခနှင့် ပတ် သက်၍ လက်စားချေလိုသောကြောင့် ယခုကဲ့သို့ အင်ဒိုနီးရားရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခြင်း ဖြစ်ကြောင်း အဆိုပါ အကြမ်းဖက်သမားများက ယခင်အမှုစစ်ဆေး စဉ် က ဝန်ခံ ပြောကြားထားသည်။

ထို့အတူ ယမန်နှစ်မေလက မြန်မာသံရုံး ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် အာကမန် တာအူဖီ (Achmad Taufi) ကိုလည်း ဇန်နဝါရီလ ၆ ရက်နေ့ က ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းသူများသည် အင်ဒိုနီးရှားရှိ မွတ်ဆလင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Negara Islam Indonesia (အင်ဒိုနီးရှား အစ္စလာမ္မစ် နိုင်ငံတော်) အဖွဲ့၏ ဆက်စပ်နေသူများ ဖြစ်သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုသည် အင်ဒိုနီးရှား မွတ်ဆလင် အစွန်းရောက် ခေါင်းဆောင် အဘူဘာကာဘာရှီယာ (Abu Bakar Bashir) က ထောင်တွင်းမှနေ၍ မြန်မာနိုင်ငံကို သွားရောက် တိုက်ခိုက်ရန် လှုံဆော်ပြောကြားခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အဘူဘာကာဘာရှီယာသည် မွတ်ဆလင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဂျမားအစ္စလာမီးယား အကြမ်းဖက် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၎င်းအဖွဲ့ဝင် အချို့သည် နိုင်ငံခြားသား အများအပြား သေဆုံးခဲ့သော လူ ၂၀၂ ဦးသေဆုံးခဲ့သည့် ဘာလီကျွန်း ဗုံးခွဲမှုတွင် ကျူးလွန်ခဲ့သူများ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့ မွတ်ဆလင်အများစု နေထိုင်ရာနိုင်ငံဖြစ်ပြီး၊ အများစုမှာ အရှေ့အလယ် ပိုင်းနှင့် တောင်အာရှနိုင်ငံများရှိ မွတ်ဆလင် နိုင်ငံများလောက် ဘာသာရေး တင်းကျပ်မှုမရှိဘဲ သဘောထား အလယ်အလတ်ရှိသော မွတ်ဆလင် အများစုရှိရာနိုင်ငံ ဖြစ်သည်။

သို့သော် အနည်းငယ်သော မွတ်ဆလင် အစွန်းရောက်သမားများမှာလည်း နှစ်ပေါင်း များစွာကပင် ရှိနေကြပြီး လွန်ခဲ့သော ၁၅ နှစ်အတွင်း ကမ္ဘာ့ မွတ်ဆလင် အကြမ်းဖက် လှုပ်ရှား မှုနှင့် အတူ ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment