Monday, January 20, 2014

ထိုင်းနိုင်ငံ၌ လာမည့် ရက်သတ္တပတ် အတွင်း အကြမ်းဖက် ဆန္ဒပြမှုများ ပိုမိုဖြစ်လာနိုင်

Photo: ထိုင်းနိုင်ငံ၌ လာမည့် ရက်သတ္တပတ် အတွင်း အကြမ်းဖက် ဆန္ဒပြမှုများ ပိုမိုဖြစ်လာနိုင်
Monday, January 20, 2014

ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ( PDRC ) သည် လာမည့် ရက်သတ္တပတ်အတွင်း အကြမ်း ဖက် ဆန္ဒပြမှုများ ပိုမို လုပ်ဆောင်လာနိုင်ဖွယ် ရှိသည့်အတွက် အစိုးရအနေဖြင့် အရေးပေါ်အမိန့် တစ်စုံတစ်ရာ ထုတ်ြပန်နိုင်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ပရာဒွန် ပတ္တနာတာဘတ်က ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ လာမည့် ရက်သတ္တပတ်၌ တောင်ပိုင်းရှိ အစိုးရရုံး အားလုံးကို ဝိုင်းပတ်ပိတ်ဆို့ရေး PDRC ၏ အစီအစဉ် အပေါ် အခြေခံ၍ ပရာဒွန်က ၎င်း၏ ယူဆချက်ကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာဏာပိုင်များ အနေ ဖြင့် ဆိုးဆိုးရွားရွား ဖြစ်လာနိုင်သည့် မတော်တဆမှုများကို တားဆီးရန်၊ ပြည်သူများကို ကာကွယ်ပေးရန် တင်း ကျပ်သော အရေးယူ ဆောင်ရွက်မှုများနှင့် ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ် ချိန်တည်းတွင် အစိုးရအနေဖြင့် ဆန္ဒပြမှုများမှ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ဂရုပြု၍ ပြည်သူများအတွက် ၎င်း၏ လူထုဆက်ဆံရေး လုပ်ငန်းများကို သတိဝီရိယဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

အစိုးရ၏ ထောက်လှမ်းမှုအရ လူဦးရေ ထူထပ်သော လတ်ဖရောင်း လမ်းဆုံသည် အကြမ်းဖက် မတော်တဆမှုများ အများဆုံး ဖြစ်ပွားနိုင်သည့် နေရာဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ရွေးကောက်ပွဲ ထောက်ခံသူနှင့် ကန့်ကွက်သူ များအကြား ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ပွားစေရေး တားဆီးပေးရမည်ဖြစ်ကြောင်း ပရာဒွန်က ပြောကြား ခဲ့ သည်။ ထို့အပြင် ဝန်ကြီးချုပ် အနေဖြင့် ဆန္ဒပြမှု အခြေအနေဆိုင်ရာ စဉ်းစားသုံးသပ်ရေး အစည်းအဝေးကို နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အခြားသတင်း တစ်ရပ်အရ ဆူသက် သောင်ဆူဘန် ဦးဆောင်သော PDRC ထောက်ခံ ဆန္ဒပြသူများသည် ဗန် ကောက်မြို့သူမြို့သားများ ၎င်းတို့၏ ဆန္ဒပြမှုများ၌ ပါဝင်လာစေရေး ချီတက်ဆန္ဒပြသည့် အနေဖြင့် ဇန်နဝါရီ ၁၉ ရက် နံနက် ၁ဝ နာရီ တွင် လတ်ဖရောင်း လမ်းဆုံမှ ဖဟွန်းယိုသင်း လမ်းတစ်လျှောက် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်ခန့်တွင် အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးဆန္ဒပြ လျက်ရှိသည့် သူရဲကောင်း အထိမ်းအမှတ် ကျောက်တိုင်၌ ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ၂၈ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မြ၀တီ
ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ( PDRC )သည် လာမည့် ရက် သတ္တပတ်အတွင်း အကြမ်း ဖက် ဆန္ဒပြမှုများ ပိုမို လုပ်ဆောင်လာနိုင်ဖွယ် ရှိသည့် အတွက် အစိုးရအနေဖြင့် အရေးပေါ်အမိန့် တစ်စုံတစ်ရာ ထုတ်ြပန်နိုင်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် အမျိုးသား လုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာဒွန် ပတ္တနာတာဘတ်က ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
လာမည့် ရက်သတ္တပတ်၌ တောင်ပိုင်းရှိ အစိုးရရုံး အားလုံးကို ဝိုင်းပတ်ပိတ်ဆို့ရေး PDRC ၏ အစီအစဉ် အပေါ် အခြေခံ၍ ပရာဒွန်က ၎င်း၏ ယူဆချက်ကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာဏာပိုင်များ အနေ ဖြင့် ဆိုးဆိုးရွားရွား ဖြစ်လာနိုင်သည့် မတော် တဆမှု များကို တားဆီးရန်၊ ပြည်သူများကို ကာကွယ်ပေးရန် တင်း ကျပ်သော အရေးယူ ဆောင်ရွက်မှုများနှင့် ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ် ချိန်တည်းတွင် အစိုးရအနေဖြင့် ဆန္ဒပြမှုများမှ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို ဂရုပြု၍ ပြည်သူများအတွက် ၎င်း၏ လူထုဆက်ဆံရေး လုပ်ငန်းများကို သတိဝီရိယဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

အစိုးရ၏ ထောက်လှမ်းမှုအရ လူဦးရေ ထူထပ်သော လတ်ဖရောင်း လမ်းဆုံသည် အကြမ်း ဖက် မတော်တဆမှုများ အများဆုံး ဖြစ်ပွားနိုင်သည့် နေရာဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ရွေးကောက်ပွဲ ထောက်ခံသူနှင့် ကန့်ကွက်သူ များအကြား ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ပွားစေရေး တားဆီးပေးရမည်ဖြစ်ကြောင်း ပရာဒွန်က ပြောကြား ခဲ့ သည်။ ထို့အပြင် ဝန်ကြီးချုပ် အနေဖြင့် ဆန္ဒပြမှု အခြေအနေဆိုင်ရာ စဉ်းစားသုံးသပ်ရေး အစည်းအဝေးကို နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အခြားသတင်း တစ်ရပ်အရ ဆူသက် သောင်ဆူဘန် ဦးဆောင်သော PDRC ထောက်ခံ ဆန္ဒပြသူများသည် ဗန် ကောက်မြို့သူမြို့သားများ ၎င်းတို့၏ ဆန္ဒပြမှုများ၌ ပါဝင်လာစေရေး ချီတက်ဆန္ဒပြသည့် အနေဖြင့် ဇန်နဝါရီ ၁၉ ရက် နံနက် ၁ဝ နာရီ တွင် လတ်ဖရောင်း လမ်းဆုံမှ ဖဟွန်းယိုသင်း လမ်းတစ်လျှောက် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်ခန့်တွင် အစိုးရ အတိုက်အခံ ဆန္ဒပြသူများ စုဝေးဆန္ဒပြ လျက်ရှိသည့် သူရဲကောင်း အထိမ်းအမှတ် ကျောက်တိုင်၌ ဗုံးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ၂၈ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment