Monday, January 20, 2014

သစ်ဖမ်းဆီးရေးအဖွဲ့အားဓားပြခြိမ်းခြောက်သူများကို အမှုဖွင့်အရေးယူ

ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာအနီးတွင် တရားမဝင်ကျွန်း သစ်ခွဲသားဆိုက်စုံ အချောင်း ၄ဝ၊ တစ်တန်ခန့်ကို ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သစ်တောဝန် ထမ်းများက ဖမ်းဆီးသိမ်းဆည်းနေ စဉ်ဝန်ထမ်းများကို ဓားပြခြိမ်း ခြောက်ခဲ့သူများအားဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း သိရသည်။

ပိုင်ရှင် မဲ့သိမ်းဆည်းရမိခဲ့သည့် အဆိုပါသစ် များကို ယခုလ ၁၇ရက် ည ၁ဝ နာရီခွဲက မြို့ချောင်းသစ်တောရုံးသို့ သယ်ဆောင်ရန်ဆောင်ရွက်နေစဉ် မြို့ချောင်းကျေးရွာနေ (ဘ)ဦးသန်း ထွန်း၏သားဖြစ်သူ ဖိုးကုလား အသက် (၁၇)နှစ်သည် ဆိုင်ကယ် စီးနင်းရောက်ရှိလာပြီး အသင့်ပါ လာသော ငှက်ကြီးတောင်ဓားကို ထောင်ပြဆဲဆိုကာ ဆိုင်ကယ်မောင်း နှင်ထွက်ပြေးခဲ့သည်။

သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဂျွန်ထွန်းဦးနှင့်အဖွဲ့က ၄င်း ကိုလိုက်လံဖမ်းဆီးရာ ဖိုးကုလား နှင့်အတူ ဦးသန်းထွန်းဦး၊ ဦးဝင်း ထွန်းတို့နှင့် ထပ်မံတွေ့ဆုံခဲ့ရာ ဦးသန်းထွန်းဦးက ငှက်ကြီးတောင် ဓားကိုယူကာ သစ်ဖမ်းဆီးရေး အဖွဲ့ကို ထပ်မံဆဲဆိုကြိမ်းမောင်းခဲ့ သည်။ ဖိုးကုလား၊ ဦးသန်းထွန်း ဦး၊ ဦးဝင်းထွန်းတို့သုံးဦးကို တရား ဥပဒေအရ အရေးယူပေးပါရန် ဦးဂျွန်ထွန်းဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ကျောက်တံခါး မြို့နယ် ဖဒိုရဲစခန်းမှ (ပ)၅/၂ဝ၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄/ ၅ဝ၆ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။

The Union Daily

0 comments:

Post a Comment