အရေးပေါ်ကြပ်မတ် ကုသဆောင်များ၊ အရေးပေါ် ဌာနများအနေနှင့် လူနာတစ်ဦး
အသက် ဆုံးရှုံးသည့် အခါတိုင်း ၎င်း၏ကလီစာ အစိတ်အပိုင်းများကို အခြား လူနာများထံ
လှူဒါန်းနိုင်ရန် စီစဉ်ပေးလေ့ရှိကြသည်။ အလှူရှင်တစ်ဦးသည် ကလီစာလိုအပ်နေသူ
လူနာ (၅၀) ဦးအထိ ဖြည့် ဆည်းပေးနိုင်သည်။ အချို့ လူနာများဆိုလျှင် လိုအပ်သည့်
အင်္ဂါအစိတ်အပိုင်းရရှိရန် နှစ်ချီ၍ စောင့်ဆိုင်းရတတ်သည်။
သေဆုံးပြီးနောက် ခန္ဓာကိုယ်လှူဒါန်းခြင်း (Donation after circula tory
death) ဟူသည့် မူဝါဒကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်တိုင်ကျင့်သုံး
လျက်ရှိပြီး သေဆုံးပြီဟု အတည်ပြုထားသော လူနာများ ထံမှသာ ကလီစာများရယူသည်။
အသည်းအသန်လူနာများ၊ ဦးနှောက်သေဆုံးပြီး ခန္ဓာကိုယ်ကို စက်နှင့်လည်ပတ်နေရသူများထံမ
ှ
ကျောက်ကပ်လှူဒါန်းပေးပါရန် အကူအညီတောင်းခံပြီး အသက်ဆုံးပါးသည်နှင့်
ကျောက်ကပ်ထုတ်ယူကာ အလှူခံသူ လူနာများအား အစားထိုးပေးလျက်ရှိရာမှ
အဆိုပါမူဝါဒ တစ်ခုပေါ်ပေါက်လာခြင်းဖြစ်သည
်။ ယခုအခါ ကျောက်ကပ်များသာမက အသည်း၊ ပန်ကရိယ၊ အဆုတ်များကိုပါ လှူဒါန်းလျက်ရှိကြသည်။
ကိုယ်အင်္ဂါအစားထိုးမှုနယ်ပယ်၌
လူတစ်ဦးသေဆုံးခြင်းကို သွေးလည်ပတ်မှုစနစ်ရပ်ဆိုင်း၍
သေဆုံး ခြင်း (circulatory death) နှင့် ဦးနှောက်သေဆုံးခြင်း (brain death) ဟူ၍ အကြမ်းဖျင်းခွဲခြားနိုင်သည်
။ သွေးလည်ပတ်မှုရပ်ဆိုင်းပြီးမ
ှ ထုတ်ယူထားသော အင်္ဂါ အစိတ်အပိုင်းများသည် ဦးနှောက်သေ ဆုံးသော် လည်း စက်ဖြင့်သွေးလည်ပတ်နေသေးသူမ
ျားထံမှ ထုတ်ယူထားသော အင်္ဂါအစိတ်အပိုင်းများထက် နောက် ဆက်တွဲ ပြဿနာများ ပိုဖြစ်ပေါ်လေ့ရှိသည်။
ကလီစာများကို လူ့ခန္ဓာကိုယ်အပူချိန်အတိုင်
းထိန်းသိမ်းရန်၊ သွေးထောက်ပံ့မှုမချို့တဲ့စေရ
န် ဂရုစိုက်ခြင်းဖြင့် ကလီစာထိခိုက်ဒဏ်ရာဖြစ်ခြင်း
မှ ကာကွယ်နိုင်သည်။ အလှူရှင်သေဆုံးပြီးပြီးချင်
း
ကလီစာထုတ်ယူရန် လို အပ်သောကြောင့် လူမှုရေးအရ အခက်အခဲရှိခြင်း၊
သယ်ယူပို့ဆောင်ရာ၌ ခက်ခဲခြင်း၊ လူနာများ ကိုမေ့ဆေးလွန်ပြီး
ဦးနှောက်သေဆုံးစေရန် အားထုတ်ခြင်း၊ ဦးနှောက်သေဆုံးပြီးနောက်
ကလီစာ များရောင်းစားခြင်း၊ မသေဆုံးသေးသော်လည်း ငွေကြေးရရှိစေရန်
ကျောက်ကပ်တစ်ခြမ်း ရောင်း စားခြင်းစသည်တို့ကြော
င့် ကိုယ်အင်္ဂါအစားထိုး လဲလှယ်ခြင်းသည် ထိန်းချုပ်ရခက်သည့် မူဝါဒတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
သီဟ
Health Updates Journal
0 comments:
Post a Comment