Tuesday, January 21, 2014

မြန်မာနှင့်တရုတ် ဆက်သွယ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုကြောင့် နမ့်ခမ်းတွင် မြေလှုပ်ခတ်ကြောင်း သတင်းထွက်ပေါ်မှုအပေါ် စွမ်းအင်ဝန်ကြီးဌာန ရှင်းလင်း

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကို ဆက်သွယ်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုကြောင့် ဇန်န၀ါရီ ၄ ရက်က နမ့်ခမ်းတွင် ပိုက်လိုင်းတစ်လျှောက် မြေကြီးလှုပ်ခတ်သွားသည်ဟု အင်တာနက်တွင် သတင်းထွက်ပေါ်မှုကို စွမ်းအင်ဝန်ကြီးဌာနက စစ်ဆေးမှုများပြုလုပ်ပြီး ရှင်းလင်းချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းကို နိုင်ငံတကာစံနှုန်းအတိုင်း တည်ဆောက်ထားပြီး ပိုက်လိုင်း၏ ခံနိုင်ရည်ဖိအားမှာ 2175 Psi ရှိကြောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်မှစ၍ သဘာဝဓာတ်ငွေ့များကို ဖိအား 435 Psi ခန့်ဖြင့် စတင်ပို့လွှတ်ခဲ့ပြီး လက်ရှိတွင် ပိုက်လိုင်းအတွင်း ပျမ်းမျှဓာတ်ငွေ့ပမာဏ 200 MMSCFD ခန့်၊ ဖိအား 1180 Psi ခန့်ဖြင့် ထုတ်လွှတ်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကဆိုသည်။

လက်ရှိပို့လွှတ်လျက်ရှိသော ဓာတ်ငွေ့ဖိအားမှာ ပိုက်လိုင်း၏ ခံနိုင်ရည်ရှိသော ဖိအားထက် များစွာနည်းပါးနေပြီး ပိုက်တစ်လုံး၏ ပျမ်းမျှအလေးချိန်မှာ ၅ ဒသမ ၃ MT ရှိခြင်း၊ မြေအောက်အနက် နှစ်မီတာတွင် မြှုပ်နှံထားခြင်း၊ ဓာတ်ငွေ့စတင်ပို့လွှတ်စဉ် ပိုက်လိုင်းအတွင်း နိုက်ထရိုဂျင်ဓာတ်ငွေ့ ဖြည့်ထားခြင်းတို့ကြောင့် ပိုက်လိုင်းလှုပ်ခတ်မှု၊ တုန်ခါမှုတို့ မဖြစ်နိုင်သည်ကို နည်းပညာပိုင်း စစ်ဆေးချက်များအရ တွေ့ရှိရသည်/

ထို့ကြောင့် လက်ရှိပို့လွှတ်လျက်ရှိသော ဓာတ်ငွေ့ဖိအားမှာ ပိုက်လိုင်း၏ ခံနိုင်ရည်ရှိသော ဖိအားထက် များစွာနည်းပါးနေပြီး ပိုက်တစ်လုံး၏ ပျမ်းမျှအလေးချိန်မှာ ၅ ဒသမ ၃ MT ရှိခြင်း၊ မြေအောက်အနက် နှစ်မီတာတွင် မြှုပ်နှံထားခြင်း၊ ဓာတ်ငွေ့စတင် ပို့လွှတ်စဉ် ပိုက်လိုင်းအတွင်း နိုက်ထရိုဂျင်ဓာတ်ငွေ့ ဖြည့်ထားခြင်းတို့ကြောင့် ပိုက်လိုင်းလှုပ်ခတ်မှု၊ တုန်ခါမှုတို့ မဖြစ်နိုင်သည်ကို နည်းပညာ ပိုင်း စစ်ဆေးချက်များအရ တွေ့ရှိရသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ပိုက်လိုင်းနှစ်လိုင်းရှိရာမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုသာ ပို့လွှတ်လျက်ရှိပြီး ရေနံစိမ်းပိုက်လိုင်းကို ပို့လွှတ်ခြင်း မရှိသေးကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာပိုင်းစစ်ဆေးမှုအရ အင်တာနက်တွင် ထွက်ပေါ်ခဲ့သော "တရုတ်သို့ ရေနံ၊ ဂက်စ်လွှတ်မှုကြောင့် မြေကြီးလှုပ်ခတ်၊ ရှမ်းမြောက်ပြည်သူများ ထိတ်လန့်" ဆိုသည့်သတင်းမှာ မှားယွင်းနေကြောင်း ၎င်းတို့က ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်သည့် အဆိုပါပိုက်လိုင်းနှင့်ပတ်သက်၍ ဒေသခံများက ကန့်ကွက်မှုများနှင့် မြန်မာနိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိမှုနည်းသည်ဟု ဝေဖန်ခံရမှုများလည်း ထွက်ပေါ်ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment