Saturday, January 18, 2014

မလေးရှားတွင် အသတ်ခံရသော အမျိုးသမီးအလောင်း ထိုင်းလေကြောင်း လိုင်းဖြင့် ရောက်လာ

မလေးရှားနိုင်ငံတွင် အသတ်ခံရသော မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ထိုင်းလေကြောင်းဖြင့် သယ်ဆောင်ခဲ့ပြီး မွေးရပ်ဇာတိမြေတွင် သဂြုင်္ိဟ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၃၀ရက်တွင် မလေးရှားနိုင်ငံ၌ အသတ်ခံရသော မဌေးဌေးသန်း၏ ရုပ်အလောင်းကို ဇန်န၀ါရီ ၁၇ရက်တွင်  ထိုင်းလေကြောင်းဖြင့် သယ်ဆောင်လာပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ရန်ကုန်နာရေးကူညီမှုအသင်းမှ လာရောက်သယ်ယူကာ ပြည်မြို့ထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း တာဝန်ရှိသူ ကိုမျိုးဝင်းကပြော သည်။

ပြည်မြို့ နာရေးကူညီမှုမှတစ်ဆင့် မဌေးဌေးသန်း၏ဇာတိဖြစ်သော မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ဝေးပေါက်ကျေးရွာထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

““သူဘာကြောင့်အသတ်ခံရတယ်ဆိုတာ ဦးတို့က ဘာမှမသိပါဘူး။ သူ့ကိုသတ်တဲ့ တရားခံတွေကို လည်း ဖမ်းထားတယ်လို့ ကြားပါတယ်။ သူ့အမျိုးသားကနေ အလောင်းကို ပို့ပေးလိုက်တာပါ။ သူ့ကို ရွာထိသယ်ဆောင်သွားမှာပါ။ ရွာကျမှ သဂြုင်္ိဟ်မှာပါ””ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  မဌေးဌေးသန်း၏ ရုပ်အလောင်းကို လာရောက်သယ်ဆောင်သော ၎င်း၏ ဦးလေးတော်စပ်သူ ဦးသန်းမြင့်ကပြောသည်။

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာ ၃၀ ရက် နံနက်က ဈေးဝယ်သွားသော မြန်မာအမျိုး သမီးနှစ်ဦးဖြစ်သည့် မသန်းနှင့် မဌေးဌေးသန်းတို့မှာ ၄င်းတို့၏ အိမ်အနီးရှိ လမ်းဘေးနေရာ တွင် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ သေဆုံးသူနှစ်ဦးအနက်မှ မသန်းကို ဇန်န၀ါရီ ၁ရက်တွင် မလေး ရှားနိုင်ငံ၌ သဂြုင်္ိဟ်ပေးပြီးဖြစ်ကြောင်း မဌေးဌေးသန်း၏ ရုပ်အလောင်းကို မလေး ရှားနိုင် ငံ မှ ပြန်လည်ပို့ဆောင်ပေးသည့် မလေးရှားနိုင်ငံရှိ ဒါနကုသလနာရေးကူညီမှု အသင်း(ပီနန်း-မလေးရှား)မှ ကိုရဲကပြောသည်။

7day Daily 

0 comments:

Post a Comment