ခွင့်ပြုချက်လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်ပြီး ရန်ကုန်မြို့လယ်တွင် ဆေးကုသနေသည့် တရုတ်နိုင် ငံ သားနှင့် ဆေးခန်းပိုင်ရှင်တို့ကို ပထမဦးဆုံးအကြိမ်အဖြစ် အရေးယူလိုက်ကြောင်း သတင်း ရရှိ သည်။
လမ်းမတော်မြို့နယ်၊ မြို့နယ်ပုဂ္ဂလိက ဆေးရုံဆေးခန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာဒေါ်အိအိခင် (မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး) နှင့် အဖွဲ့သည် လမ်းမတော်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ၁၄ လမ်းတွင်ဖွင့်ထားသည့် အောင်ဇေယျာမင်းဆေးခန်းအား ဇန်န၀ါရီ ၁၄ ရက် နံနက်က စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
အဆိုပါဆေးခန်းတွင် ဆေးခန်းဖွင့်လုပ်ကိုင်ခွင့်လိုင်စင်မရှိခြင်း၊ စည်ပင်လုပ်ငန်း လိုင်စင် မရှိခြင်းနှင့် ဆေးကုသခွင့်မှတ်ပုံတင်မရှိဘဲ တရုတ်နိုင်ငံသား GUOLEI က ဆေးကု သပေးနေခြင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် ဆေးခန်းပိုင်ရှင်ဖြစ်သူ ဒေါက် တာအောင်ဇေယျာမင်း (ခ) ဦးစောညွန့်မြိုင်နှင့် တရုတ်နိုင်ငံသား GUOLEI တို့နှစ်ဦး အား အရေး ယူပေးရန် တိုင်တန်းခဲ့သည်။
““သူတို့ကို အမှုစစ်က စစ် ဆေးနေတုန်းပဲ။ လောလောဆယ်တော့ ဆေးဥပဒေပုဒ်မနဲ့ပဲ အရေးယူထားတယ်”” ဟု လမ်းမတော်မြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြော သည်။ ထို့ကြောင့် လမ်းမတော်မြို့မ ရဲစခန်းက ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ- ၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းကဲ့သို့ တရုတ်နိုင်ငံသားများက တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိဘဲ မြန်မာနိုင်ငံသား ဆရာဝန်များကို အမည်ခံခိုင်းကာ ကျယ်ကျယ်ပြန့်ပြန့်ကြေညာပြီး ငွေကြေး မတန် တဆတောင်း ခံနေသည့် အပျောက်ကုဆေးခန်းများအဖြစ် နာမည်ကြီးလျက်ရှိသည်။
အဆိုပါဆေးခန်းများသည် ရန်ကုန်မြို့တွင် လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ စမ်းချော င်းနှင့် ကမာရွတ်မြို့နယ်တို့၌ မြန်မာအမည်များဖြင့် ဖွင့်လှစ်ထားကြကြောင်း သတင်းရရှိသည်။
ယခုစတင်အရေးယူမှုတွင်လူနာများက လိမ်လည်ကုသပေးနေကြောင်း မီဒီယာများသို့ ပြောကြား သည့် နာမည်ကြီးဆေးခန်းများ မပါဝင်သေးသည်ကိုတွေ့ရသည်။ ယင်းကဲ့သို့ မြန် မာနိုင်ငံသားအမည်ခံ တရုတ်ဆေးခန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း ၂၀၁၃ နှစ်လယ်က ပြောကြားထားသည်။
““ရန်ကုန်တိုင်းအတွင်း တရုတ်ဆေးခန်းများနဲ့ တရုတ်ဆေးဆရာများအား ခွင့်ပြုချက် လုံးဝမရှိက ဆေးကုသခွင့်မပေးပါ။ ယနေ့အထိ ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ် ဆရာဝန်များ မရှိသေးပါ”” ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာရေးနှင့် လူမှုရေး ၀န်ကြီး ဒေါက်တာမြင့်သိန်းက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။
7Day Daily
0 comments:
Post a Comment