Wednesday, January 22, 2014

နေရှင်နယ်လိဂ်ဂိုးသွင်းဘုရင်ဟောင်းကို ဧရာဝတီယူနိုက်တက်ခေါ်ယူ

၂၀၁၄ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုအားကောင်းနေသည့် ဧရာဝတီယူနိုက်တက် အသင်း သည် နိုင်ငံခြားကစားသမား နောက်ဆုံးခေါ်ယူမှုအဖြစ် ၂၀၁၁ ဘောလုံးရာသီက ဂိုး သွင်းဘုရင်ဆုရရှိခဲ့ဖူးသည့် ဇေယျာရွှေမြေ တိုက်စစ်မှူးဟောင်း ဆာဆာကို ခေါ်ယူ လိုက်ပြီဖြစ် သည်။

ဆာဆာသည် ဇေယျာရွှေမြေအသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် နေရပ်ဆားဘီးယားသို့ ပြန်သွားခဲ့ပြီး၊ ဧရာဝတီယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူခဲ့ခြင်း လည်း ဖြစ် သည်။

ဆာဆာသည် ဇန်န၀ါရီ ၁၉ ရက် ညပိုင်းက ဧရာဝတီယူနိုက်တက် အသင်းထံသို့ရောက်ရှိပြီး ဇန်န၀ါရီ ၂၀ ရက်တွင် အသင်းနှင့် စာချုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပက်သက်၍ အသင်းမီဒီယာ တာဝန်ခံ ဦးအောင် ကျော်ကျော်က “ဆာဆာကို စာချုပ်ပြီးပါပြီ။ လစာကတော့ ထုံးစံအတိုင်း ပြောခွင့်မရှိပါဘူး။ စာချုပ်သက် တမ်းကတော့ ကိုးလပါ” ဟု မဇ္ဈိမသို့ ပြောခဲ့သည်။

ဧရာဝတီယူနိုက်တက်သည် ဆာဆာ မတိုင်မီက နိုင်ငံခြားကစားသမားများအဖြစ် ကိုရီးယား တိုက်စစ်မှူး ကင်ဆောင်မင်၊ နိုင်ဂျီးရီးယား နောက်ခံလူကလစ်ဖိုဒ်နှင့် အိုင်ဗရီကို့စ်ကွင်းလယ် လူ ကိုနေးတို့ကို ခေါ်ယူ ထား ပြီးဖြစ်သည့်အပြင် ပြည်တွင်းမှ မိုးဝင်း၊ ရွှေလှိုင်ဝင်းစသည့် နာမည်ကြီးကစားသမားများ ကိုလည်း အားဖြည့်ထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment