Saturday, January 18, 2014

စီးပွားရေးသိပံ္ပနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး မြန်မာနှင့်မလေးရှားပူးပေါင်းကော်မရှင်ဖွဲ့ရန်လက်မှတ်ရေးထိုး

Photo: စီးပွားရေးသိပံ္ပနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး
မြန်မာနှင့်မလေးရှားပူးပေါင်းကော်မရှင်ဖွဲ့ရန်လက်မှတ်ရေးထိုး
Saturday, January 18, 2014

မြန်မာ-မလေးရှားစီးပွားရေး သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် တည်ထောင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်၌ ယနေ့ ကျင်းပသည်။

အဆိုပါ ပူးတွဲကော်မရှင်တည် ထောင်မှုသဘောတူစာချုပ် ချုပ်ဆို ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် တိုး မြှင့်ဆောင်ရွက်နိုင်ရေးများကိုအခြေ ခံ၍ နှစ်နိုင်ငံအကြားစီးပွားရေးသိပ္ပံ နှင့်နည်းပညာကဏ္ဍများတွင်ညှိနှိုင်း
ဆွေးနွေးမှုများ၊ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရာတွင် အထောက် အကူပြုစေရန်ရည်ရွယ်၍ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံ
ခြားရေးဝန်ကြီးဌာန၏သတင်းထုတ် ပြန်ချက်အရသိရသည်။

အဆိုပါသဘောတူစာချုပ်လက် မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံခြား
ရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်မလေးရှားနိုင်ငံ မှ နိုင်ငံခြားရေးဝန်ကြီး The Hon.Dato Seri Anifahhj.Aman တို့က လက်မှတ်ရေးထိုးခဲ့သည်။

အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးတင် ဦးလွင်နှင့် မြန်မာ-မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့် မြင့်အရာရှိများ တက်ရောက်ခဲ့ကြ သည်။

The Union Daily
မြန်မာ-မလေးရှားစီးပွားရေး သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ပူးတွဲကော် မရှင် တည်ထောင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်၌ ယနေ့ ကျင်းပသည်။

အဆိုပါ ပူးတွဲကော်မရှင်တည် ထောင်မှုသဘောတူစာချုပ် ချုပ်ဆိုခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တိုး မြှင့်ဆောင်ရွက်နိုင်ရေး များကိုအခြေခံ၍ နှစ်နိုင်ငံအကြားစီးပွားရေးသိပ္ပံ နှင့်နည်းပညာကဏ္ဍ များတွင်ညှိနှိုင်း ဆွေးနွေးမှုများ၊ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရာတွင် အထောက် အကူပြုစေ ရန်ရည်ရွယ်၍ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်အရသိရသည်။

အဆိုပါသဘောတူစာချုပ်လက် မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်မလေးရှားနိုင်ငံ မှ နိုင်ငံခြားရေးဝန်ကြီး The Hon.Dato Seri Anifahhj.Aman တို့က လက်မှတ်ရေးထိုးခဲ့သည်။

အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးတင် ဦးလွင်နှင့် မြန်မာ-မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့် မြင့်အရာရှိများ တက်ရောက်ခဲ့ကြ သည်။

The Union Daily

0 comments:

Post a Comment