စမ်းချောင်းမြို့နယ် သမဝါယမအသင်းသည် မတရားမှုများရှိ သည်ဟုဆိုကာ အသင်း ဝင်ဟောင်း များက ယခုလ ၂၈ရက်တွင် ယင်းအသင်း၏ရုံးခန်းရှေ့တွင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ ဦးကျင်ထက်ကိုက ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။
ဆန္ဒထုတ်ဖော်မှုများတွင် 'သမ္မတပြောကြားသည့် အကျင့်ပျက်ဝန်ထမ်းများဖော်ထုတ်မှု ကိုထောက်ခံပါသည်'၊ 'ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သမဝါယမစနစ်ကို ဖော်ဆောင်နေမှုအား ကျွန်းလယ်သမဝါယမအသင်းသူအသင်းသားများကထောက်ခံ ပါသည် '၊'၉၂ သမဝါယမ အသင်းဥပဒေကိုမျက်ကွယ်ပြုနေသော သမဝါယမအသင်းသူ အသင်းသား များအားအရေးယူပေးရန်'၊'၂/၂ဝဝ၉ ညွှန်ကြားလွှာအရ ငွေစာရင်းအလွဲသုံးစားသူများအား အရေး ယူပေးရန်'၊'အဆောက်အအုံ ကိစ္စဖြေရှင်းမှုမပြီးမချင်း ကျွန်းတောလမ်းပေါ်ရှိ တိုက်ခန်း များအား လူနေထိုင်မှုကန့်ကွက်သည်' စသည့် ဗီနိုင်း ပိုစတာများဖြင့် လူ ၂ဝခန့် ဆန္ဒ ထုတ်ဖော် မည်ဟုဆိုသည်။

''မတရားမှုတွေရှိနေတာကို ဘယ်သူမှဖြေရှင်းမပေးလို့ ဒုတိယ အကြိမ်ဆန္ဒထုတ်ဖော်မှာပါ''ဟု ဦးဆောင်သူ ဦးကျင်ထက်ကိုက ပြောသည်။
ယခုဆန္ဒထုတ်ဖော်ခြင်းသည် ဒုတိယအကြိမ်တရားဝင်ဆန္ဒထုတ် ဖော်ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကလည်း သမဝါယမအဆောက်အအုံနှင့် အသင်းကိုလည်း ဆန္ဒ ထုတ်ဖော် ခဲ့ ကြပြီး ယခုဆန္ဒပြမည့် ကြာချိန်မှာတစ်နာရီခန့်ဖြစ်ကြောင်းသိရသည်။
The Union Daily
0 comments:
Post a Comment