ပြည်ထောင်စုဝန်ကြီးများအပါအ၀င် တိုင်းပြည်၏ထိပ်သီးပုဂ်္ဂိုလ်များ ပြောကြားသော အစိုးရ၏လက်ကျန် သက်တမ်း အတွင်း ဆင်းရဲနွမ်းပါးမှု ၁၀ ရာခိုင်နှုန်းလျှော့ချမည်ဆိုခြင်းမှာ လက်ရှိစီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဖြင့်ဆိုပါက ဖြစ်နိုင်ဖွယ်မရှိကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောကြားသည်။
ဇန်န၀ါရီ ၇ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေးဂေဟာတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စု ၀န်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအုန်းမြင့်နှင့် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာအောင်ထွန်း သက်တို့က ၂၀၁၅ အရောက်တွင် ဆင်းရဲနွမ်းပါးမှုအား လက်ရှိ ၂၆ ဒသမ ၅ ရာ ခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ အောင်မြင်စွာလျှော့ချနိုင်ရန် စီမံကိန်းအသစ်များဖြင့် ဆောင်ရွက်မည်ဟု ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက “ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့ဆိုတာက အောက် ခြေအဆင့် တစ်ခုတည်းကိုလုပ်လို့ မရနိုင်ဘူး။ အောက်ခြေအဆင့်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်မယ့် အလယ်တန်းနဲ့ အပေါ်တန်း နှစ်လွှာကို ရွေ့အောင်(တိုးတက်အောင်)လုပ်နို င်မှဖြစ်မယ်။ စီးပွားရေး က ကိန်းဂဏန်းအရ တိုးတက်ပေမယ့် လျှပ်စစ်မီး၊ လမ်းတံတားတွေ မပြည့်စုံသေးတော့ အ လုပ်အကိုင်အခွင့်အလမ်းရမယ့် နေရာတွေ မတိုးတက်ဘူး။ ဆိုတော့ ဒီတိုးတက်မှုနှုန်းနဲ့ဆိုရင် တစ်နှစ် နှစ်နှစ်အတွင်း မလွယ်လောက်ဘူးထင်တယ်”ဟုပြောသည်။
ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရနိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ သည် စီးပွားရေးဖွံ့ဖြိုးမှု အားနည်းနေလျက်ရှိကာ စက်မှုကုန်ထုတ်လုပ်ငန်းများအနေဖြ င့်လည်း လျှပ်စစ် မီးနှင့် လမ်းတံတားဆက်သွယ်ရေး လိုအပ်ချက်များကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအခက်အ ခဲရှိ သကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မှာလည်း ၀င်ရောက်လာမှုနည်းပါးကြောင်း ယင်းတို့က ပြောသည်။
ပြည်တွင်းစီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးလှမောင်က “ဆင်းရဲနွမ်းပါးမှုကို လျှော့ချတာက လုပ်ရင် လုပ်သလောက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်မယ်ဆိုတဲ့သူတွေက ဒါတွေအားလုံးကို အချိန်တိုအတွင်း လုပ်နိုင်ကြမလားပေါ့” ဟု ပြောသည်။
ထို့အတူ အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေနှုန်းထားများ ကို သတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင် ရွက်ရာတွင် အလုပ်သမားများတောင်းဆိုသည့် လုပ်အားနှုန်းထားများကို အလုပ်ရှင်များက ပေးနိုင်မှုမ ရှိသဖြင့် နှုန်းထားသတ်မှတ်နိုင်ရေး အချိန်နှောင့်နှေးနေခြင်းများရှိနေသည်ဟု စီးပွားရေး လုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ပြောသည်။
Mizzima - News in Burmese
ဇန်န၀ါရီ ၇ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေးဂေဟာတွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည် ထောင်စု ၀န်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအုန်းမြင့်နှင့် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာအောင်ထွန်း သက်တို့က ၂၀၁၅ အရောက်တွင် ဆင်းရဲနွမ်းပါးမှုအား လက်ရှိ ၂၆ ဒသမ ၅ ရာ ခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ အောင်မြင်စွာလျှော့ချနိုင်ရန် စီမံကိန်းအသစ်များဖြင့် ဆောင်ရွက်မည်ဟု ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ခ
ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရနိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ သည် စီးပွားရေးဖွံ့ဖြိုးမှု အားနည်းနေလျက်ရှိကာ စက်မှုကုန်ထုတ်လုပ်ငန်းများအနေဖြ
ပြည်တွင်းစီးပွားရေးပညာရှင်တစ်ဥ
ထို့အတူ အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေနှုန်းထားများ
Mizzima - News in Burmese
0 comments:
Post a Comment