Monday, January 20, 2014

ခရီးသည်တင်ယာဉ်နှင့် အငှားယာဉ်များ လာမည့် ဘဏ္ဍာနှစ် အခွန် ပြန်ကောက်မည်

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော ခရီးသည်တင် ယာဉ်နှင့် အငှားယာဉ်များက အခွန်မဆောင်ကြသည့်အတွက် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စ၍ အခွန်ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်များကို အခွန်ကောက်ခံရာတွင် တစ်နေရာတည်းတွင် ကောက်ခံ သည့် ပုံစံ (One Stop Service) ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေး မှူး ဦးကျော်ကျော်က ပြောကြားသည်။

၂၀၁၂ ခုနှစ်မှ စတင်၍ လာရောက် အခွန်ဆောင်ခြင်း မရှိတော့ခြင်း ဖြစ်သည့်အတွက် အခွန်ပြန်ဆောင်ရန် စာပို့ထားကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

“အရင်က ကျွန်တော်တို့ကို အခွန်ဆောင်ပြီးမှ ကညနကို သွားလို့ရတာပါ။ အခု ကညနကို လည်း မဆောင်တော့ပါဘူး” ဟု ဦးကျော်ကျော်က ပြောဆိုသည်။

မော်တော်ယာဉ် ဈေးကွက်အတွင်း မော်တော်ယာဉ် အငှား နံပါတ်အဟောင်းများ ဖြစ်သော ကက၊ ခခ ရောင်းချပြီးသူ အချို့ကိုလည်း အခွန်ပေးဆောင်စေရန် စာများ ပေးပို့၍ တောင်းခံ ထားခြင်း ရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ အချို့ထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment