Monday, January 20, 2014

Windows XP သုံးစွဲမှု ရပ်တန့်သင့်ကြောင်း Microsoft ထုတ်ဖော်

Photo: Windows XP သုံးစွဲမှု ရပ်တန့်သင့်ကြောင်း Microsoft ထုတ်ဖော်
Monday, January 20, 2014

Microsoft အနေဖြင့် သက်တမ်းရင့် Windows XP OS အတွက် ၂၀၁၅ မတိုင်မီ ဗိုင်းရပ်သတိပေးစနစ်တွေကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ သတိပေးချက်တွေကို ၂၀၁၄ ဧပြီ ၈ ရက် နောက်ဆုံးထားပေးပို့သွားမည်ဖြစ်ပြီး Windows XP ကို Support လုပ်ပေးသော Software များကို ရပ်တန့်သွားစေဖို့ ရည်ရွယ်ထားကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ၁၂ နှစ်သက်တမ်းရှိ Windows XP အတွက် လုံခြုံမှုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ လက်ရှိအချိန်တွင် Windows OS အသုံးပြုသူများထဲတွင် 30% သည် Windows XP User များဖြစ်ကြောင်း Net Applications ရဲ့လေ့လာတွေ့ရှိချက်များအရ သိရသည်။

Microsoft အနေဖြင့် ယခုအစီအစဉ်အသစ်အကြောင်း ရှင်းပြရာတွင် Security Information များကို XP User များထံ ယခုနှစ် ဧပြီ ၈ ရက်နေ့ မတိုင်မီ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာ Windows XP အတွင်း ဗိုင်းရပ်များ၊ Cyber တိုက်ခိုက်မှုများ မဖြစ်ပေါ် စေအောင် ကာကွယ်တားဆီးခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

Microsoft ရဲ့ Blogspot မှာလည်း XP အသုံးပြုသူများအနေဖြင့် လုံခြုံ စိတ်ချမှု ရှိစေရန် XP အသုံးပြုခြင်းကို ရပ်နားသင့်ကြောင်း သတိပေး
ပြောကြားထားသည်။ Windows XP သည် အိမ်သုံး၊ စီးပွားရေးသုံး OS တစ်ခုအဖြစ် နှစ်ရှည်လများစွာ အော်မြင်မှုရရှိခဲ့တဲ့အတွက် Microsoft အနေဖြင့် XP OS ရောင်းချခြင်းကို ရပ်တန့်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ နှစ်ရှည်လများစွာ အသုံးပြုနိုင်ဖို့အတွက် Windows 7 နဲ့ 8 ကိုသုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

Credit : BBC
Microsoft အနေဖြင့် သက်တမ်းရင့် Windows XP OS အတွက် ၂၀၁၅ မတိုင်မီ ဗိုင်းရပ် သတိပေးစနစ်တွေကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ သတိပေးချက်တွေကို ၂၀၁၄ ဧပြီ ၈ ရက် နောက်ဆုံးထားပေးပို့သွားမည်ဖြစ်ပြီး Windows XP ကို Support လုပ်ပေးသော Software များကို ရပ်တန့်သွားစေဖို့ ရည်ရွယ်ထားကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရခြင်းမှာ ၁၂ နှစ်သက်တမ်းရှိ Windows XP အတွက် လုံခြုံမှုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။ လက်ရှိအချိန်တွင် Windows OS အသုံးပြုသူများ ထဲတွင် 30% သည် Windows XP User များဖြစ်ကြောင်း Net Applications ရဲ့လေ့ လာတွေ့ရှိချက်များအရ သိရသည်။

Microsoft အနေဖြင့် ယခုအစီအစဉ်အသစ်အကြောင်း ရှင်းပြရာတွင် Security Information များကို XP User များထံ ယခုနှစ် ဧပြီ ၈ ရက်နေ့ မတိုင်မီ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာ Windows XP အတွင်း ဗိုင်းရပ်များ၊ Cyber တိုက်ခိုက်မှုများ မဖြစ်ပေါ် စေအောင် ကာကွယ်တားဆီးခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

Microsoft ရဲ့ Blogspot မှာလည်း XP အသုံးပြုသူများအနေဖြင့် လုံခြုံ စိတ်ချမှု ရှိစေရန် XP အသုံးပြုခြင်းကို ရပ်နားသင့်ကြောင်း သတိပေးပြောကြားထားသည်။ Windows XP သည် အိမ်သုံး၊ စီးပွားရေးသုံး OS တစ်ခုအဖြစ် နှစ်ရှည်လများစွာ အော်မြင်မှုရရှိခဲ့တဲ့အတွက် Microsoft အနေဖြင့် XP OS ရောင်းချခြင်းကို ရပ်တန့်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ နှစ်ရှည်လများစွာ အသုံးပြုနိုင်ဖို့အတွက် Windows 7 နဲ့ 8 ကိုသုံးစွဲသင့်ကြောင်း အကြံပြုထားသည်။

Credit : BBC

0 comments:

Post a Comment