Monday, January 20, 2014

သြစတြေးလျရေတပ် သင်္ဘောဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမ ဆုံး လာရောက်မည်မြန်မာရေတပ်နှင့် အတွေ့အကြုံ ဖလှယ်ဆွေးနွေး မည် ဟုကာကွယ်ရေး ဝန်ကြီးပြောကြား

https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn1/t1/q77/s720x720/1012835_256331844536334_526196071_n.jpg
သြစတြေးလျရေတပ်သင်္ဘော တစ်စင်းသည် မြန်မာနိုင်ငံ ရန်ကုန် မြို့သို့ ယခုလ ၂ဝ ရက်တွင် ယဉ် ကျေးမှုနှင့် အတွေ့အကြုံဖလှယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် လာရောက်မည်ဟု သြစတြေးလျ သတင်းဌာနက ယနေ့ဖော်ပြသည်။ မြန်မာနိုင်ငံသို့ လာရောက်မည့် သြစတြေး လျရေ တပ် သင်္ဘောမှာ သင်္ဘောသား ၂၁ ဦးပါဝင်သော အပေါ့စားရေတပ်သင်္ဘောဖြစ်ပြီး ရန်ကုန်မြို့၌ လေးရက်ကြာဆိုက် ကပ်ရပ်နားထားမည်ဟုသိရသည်။

သြစတြေးလျရေတပ်သင်္ဘော မြန်မာနိုင်ငံသို့ လာရောက်ခြင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမ ဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရအကြား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှုအရ နှစ်နိုင်ငံတပ်မတော်များကြားတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းစဉ်ကို အကောင် အထည်ဖော်သည့်အနေဖြင့် လာ ရောက်ခြင်းဖြစ်သည်။ ရန်ကုန်မြို့ သို့ လာရောက်မည့် ရေတပ်သင်္ဘောမှာ မြန်နှုန်းအမြင့်ဆုံး ၂၅ နော့ အထိမောင်းနှင်နိုင်သော ရေတပ် သင်္ဘောဖြစ်ပြီး မြန်မာနိုင်ငံမှတစ် ဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်း မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး စစ်တကောင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့သွားရောက်ကာ အိန္ဒိယသမုဒ္ဒရာလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှု များပြုလုပ်မည့် အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့၌ ဆိုက်ကပ်ထားစဉ်အတွင်း အဆိုပါသင်္ဘောတွင်ပါဝင်လာမည့် သင်္ဘောသား ၂၁ ဦးသည် မြန်မာ့ရေတပ်မှ သင်္ဘောသားများနှင့် ယဉ်ကျေးမှုနှင့်အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်မည်ဟုသိရသည်။

သြစတြေးလျကာကွယ်ရေးဝန်ကြီး ဂျော့ဘရန်ဒစ်က''သြစတြေးလျနဲ့မြန်မာအစိုးရကြားမှာ ဆက်ဆံရေးကောင်းတွေ တောက်လျှောက်ဖြစ်ထွန်းခဲ့တဲ့အကျိုးဆက်အနေနဲ့ အခုအစီအစဉ် အကောင်အထည်ပေါ်လာတာပါ။

သြစတြေးလျရေတပ်ဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့ရေတပ်ဖြစ်တာကြောင့် ဒီခရီးစဉ်အတွင်း ပြုလုပ်မယ့် အတွေ့အကြုံဖလှယ်ရေးဆွေးနွေးပွဲတွေကို တက်ရောက်မယ့် မြန်မာရေတပ် သားတွေ သေချာပေါက်အကျိုးရှိမှာပါ။ နှစ်နိုင်ငံတပ်မတော်ချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုကို ပထမဆုံးအကောင်အထည်ဖော်တဲ့အနေနဲ့ သြစတြေးလျရေတပ်သင်္ဘော မြန်မာနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။ ဆက်လက် အကောင် အထည်ဖော်မယ့်အစီအစဉ်တွေလဲ ရှိပါသေးတယ်''ဟုပြောသည်။

The Union Daily

0 comments:

Post a Comment