Tuesday, January 7, 2014

လမ်းလျှောက်ဆန္ဒထုတ်ဖော်သော သတင်းထောက်များ ရွှေဂုံတိုင်ရောက်ရှိ

၁၀နာရီ ၅၃မိနစ်အချိန်တွင် လွိုင်ကော်မှ Daily Eleven သတင်းထောက် မခိုင်ခိုင်ကို ထောင်ဒဏ် ချမှတ်ခြင်းနှင့် သတင်းထောက်များ သတင်းလွတ်လပ်စွာ ယူခွင့်တို့အတွက် ဆန္ဒထုတ်ဖော်နေသော သတင်းထောက် ၂၀၀ခန့်သည် ရွှေဂုံတိုင်ရှိ SSC ဆေးရုံအနီးကိုရောက်ရှိနေပြီဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုကို အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ကားဖြင့်လိုက်လံ အားဖြည့်ခဲ့သည်ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကိုပြောသည်။

ဆန္ဒထုတ်ဖော်သည့် သတင်းထောက်များသည် “သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု အလိုမရှိ” “သတင်းလွတ်လပ်စွာ ရယူပိုင်ခွင့်သည် ဒီမိုကရေစီရဲ့ အသက်ဖြစ်သည်” “မှန်ကန်တဲ့ တရားစီရင်ရေး ချက်ချင်းလုပ်ဆောင်ပေး”စသော ကြွေးကြော်သံများဖြင့် တီရှပ်အနက်များကို ဆင်တူဝတ်ဆင်ကာ တာမွေမြို့နယ် တောင်မျဉ်းပြိုင်ကွင်းလမ်းရှိ Eleven Media Group ရုံးအထိ လမ်းလျောက် ဆန္ဒ ထုတ်ဖော်နေခြင်းဖြစ်သည်။

(မဇ္ဈိမသတင်းဌာန)

0 comments:

Post a Comment