ပြည်သူဗဟိုပြုသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ဖြစ်ပေါ်စေရေးနှင့်
ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပိုမိုပါဝင်လာစေမည့်
လျှပ်စစ်ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်သို့ ဇန်နဝါရီ ၂၇ ရက်တွင်
တင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားခ နှုန်းထားသည် ပြည်သူဗဟိုပြုတဲ့ နှုန်းထားတွေဖြစ်ဖို့ ဥပဒေမှာ ရေးဆွဲ ထားတယ်။ ဒါ့အပြင် ပြည်ပက ဝင်လာတဲ့ လျှပ်စစ်ပစ္စည်းတွေက အရည်အသွေး မမီတာတွေရှိတယ်။ ပြည်တွင်းက ထုတ်တာတွေ အရည်အသွေး မကောင်းတာတွေကြောင့်
“လျှပ်စစ်ဥပဒေကြမ်းက ဥပဒေကြမ်း အဆင့်ပဲ ရှိသေးတယ်။ လျှပ်စစ်ဝန်ကြီးဌာနနဲ့ စက်မှု ဝန်ကြီးဌာနနှစ်ခု ပေါင်းစပ်ပြုစုထားတဲ့ ဥပဒေမျိုးဖြစ်သလို ပြည်သူဗဟိုပြုတဲ့ ဥပဒေ၊ ပြည်သူအကျိုးပြုတဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ အဓိကဖြင့် လျှပ်စစ်ကဏ္ဍ ဖွံဖြိုးတိုးတက်ဖို့ အစိုးရကတင် မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ တိုးတက် လာစေဖို့ ဒီဥပဒေကြမ်းမှာ ထည့်သွင်းရေးဆွဲထားတယ်။ ဓာတ်အားခနှုန်းထားက မည်၍မည်မျှ ကောက်ခံရမယ် ဆိုတာကိုတော့ ဥပဒေမှာ မဖော်ပြထားဘူး။ ဒါကနည်းဥပဒေတို့ အမိန့်ကြော်ငြာစာတို့နဲ့ သွားမယ်။ သို့သော် လျှပ်စစ်ဓာတ်အားခ နှုန်းထားသည် ပြည်သူဗဟိုပြုတဲ့ နှုန်းထားတွေဖြစ်ဖို့ ဥပဒေမှာ ရေးဆွဲထားတယ်။ ဒါ့အပြင် ပြည်ပက ဝင်လာတဲ့ လျှပ်စစ်ပစ္စည်းတွေက အရည်အသွေး မမီတာတွေရှိတယ်။ ပြည်တွင်းက ထုတ်တာတွေ အရည်အသွေး မကောင်းတာတွေကြောင့် မီးလောင်တာတွေဖြစ်တယ်။ အဲဒီစံချိန်စံညွှန်း ကိစ္စတွေ ပါပါမယ်”ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
လာမည့် ဘဏ္ဍာနှစ်မှစ၍ သမ္မတ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်အား လာမည့်လွှတ်တော် အစည်းအဝေးတွင် အာဏာရ၊ အတိုက်အခံနှင့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးမည်ဟု သိရှိရသည်။
ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
Eleven Media Group
0 comments:
Post a Comment