Friday, January 31, 2014

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေနံစိမ်းထွက်နှုန်းများလျော့လာသောကြောင့် ဈေးနှုန်းများမြင့်တက်

မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိုးရာသီကုန်ဆုံးသွားပြီသောကြောင့် ရေနံစိမ်းများထွက်နှုန်းသိသိသာသာ လျော့နည်းသွားပြီး ရေနံချက် ဖိုများသို့ တင်ပို့သော ရေနံစိမ်းကုန်ကြမ်း ဈေးနှုန်းများမင့်တက်လာခဲ့ကြောင်း ယင်းဒေသတွင် ရေနံတူးဖော်နေသူများထံမှ သိရသည်။

ယင်းသို့မိုးရာသီကုန်သည်နှင့် တပြိုင်နက် ရေနံထွက်နှုန်းလျော့ကျခြင်းကြောင့်တစ်ပိုင်တစ်နိုင် တူးသူများ လျော့ကျလာကာ ရေနံချက် ဖိုများသို့လည်း ရေနံစိမ်းကုန်ကြမ်း ဝင်ရောက်မှု နည်းသွားသောကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးတွင် တစ်ပိုင်တစ်နိုင် ရေနံတူးဖော်နေသူ ဦးတင်စိုးက ပြောကြားသည်။

“အရင်ကဆိုရင် မှော်ပေါက်ပြီဆိုရင် ရေနံလာတူးတာသိန်းနဲ့ချီ လူတွေရှိတယ်၊ ခုတော့ ရေနံရှားလာတော့ တူးမယ့်သူလဲ သိပ်နည်း သွားတယ် ရေနံဈေးတော့ တက်နေတယ်” ၎င်းကပြောသည်။

ရေနံကုန်ကြမ်းအဝင်နည်းကာ ဈေးတက်သွားသောကြောင့် ချက်ဆီများလည်းဈေးတက်ခဲ့ပြီး အရောင်းအဝယ်များလည်း ကျဆင်း ခဲ့ကြောင်း မုံရွာမြို့ရှိ ရေနံချက်ဖိုများက စုံစမ်းသိရသည်။

အဆိုပါနေရာများတွင် ရေနံမှော်အသစ်များလည်း အပေါက်နည်းလာပြီး ယခင်ရှိနေခဲ့သည့် မှော်အဟောင်းများကလည်း အထွက်လျော့ ကျ လာပြီး တစ်ပိုင်တစ်နိုင်တူးသူများလည်း အခက်ခဲဖြစ်နေကြောင်း ရေနံတူးဖော်သူများကပြောသည်။

ကိုထိုက်

0 comments:

Post a Comment