Tuesday, December 17, 2013

လူမျိုးတုန်းရေး အကွက်ချ စီမံနေတဲ့ KIA

KIA ကတော့ လုပ်နေကြအတိုင်း ယုတ်မာပြီ။ ရှမ်းရွာတွေကိုပဲ လူသစ် အတင်းအဓမ္မ စုနေတာ ဘယ်တုန်းက အငြိုးတွေနဲ့ လုပ်နေလဲတော့မသိဘူး။ ခုလည်း ရွာတွေမှာဆို လူငယ်တွေ မနေရဲတော့ဘူး။ KIA လူသစ်စုတာ မခံရအောင် ကျွတ်ရာလွတ်ရာကို ပြေးကုန်ကြပြီ။ တစ်ချို့ဆို တရုတ်နိုင်ငံဘက်၊ တစ်ချို့က မြို့တွေပေါ်တက်ပြီး ရှောင်နေကြရရှာတယ်။

လူငယ်လူရွယ် တွေမရှိတော့ ကျေးရွာတွေဆိုရင် အလုပ်လုပ်နိုင်တဲ့သူတွေ နည်းလာပြီး စီးပွားရေးတွေ ပျက်လို့ ဆင်းရဲဒုက္ခရောက်နေကြရှာတယ်။ KIA ကနေ့လည်းလူဆွဲ၊ ညလည်းလူဆွဲဆိုတော့ ဒေသခံတွေဆို ဘယ်မှတောင် မသွားရဲရှာဘူး။ ခုလည်း KIA က စကောလောက်မှ စောက်မနက်တဲ့အကြံနဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ဟန်ထက် ကျေးရွာက ဒေသခံရှမ်းလူမျိုး (၁၅)ဦးကို ဒီဇင်ဘာ(၁၄) ရက်နေ့က ဖမ်းသွားတယ်လို့ ဒေသခံများကပြောပါတယ်။

ဗန်းမော်-နမ့်ခမ်းလမ်းပေါ်မှာရှိတဲ့ မန်ဝိန်းကြီး တိုက်နယ်အတွင်းက ရှမ်းရွာ(၁၄)ရွာထဲက နားလုံ၊ ကုန်းခါး၊ နောင်မွန်း ရွာက (၁) ရွာကို (၂) ဦးစီနဲ့ (၆) ဦးကိုလည်း (၁၄)နေ့မှာပဲ အဓမ္မဖမ်းသွားပြန်တယ်။ မန်ဝိန်း တိုက်နယ် အတွင်းက ရှမ်းရွာ (၁၄) ရွာကိုလည်း တစ်ရွာကို (၁၅) ဦးစီပေးဖို့ ဆင့်ခေါ်လို့ ဒေသခံ များမှာ အကြီးအကျယ် ဒုက္ခရောက်နေကြကြောင်း သိရပါတယ်။

သတင်းဂျာနယ်များက KIA ရဲ့ အတင်းအဓမ္မလူသစ်ဆွဲ၊ ဆက်ကြေးကောက်၊ ထွက်ပြေးရင် ပစ်သတ်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒီအတိုင်းပဲ ကြည့်နေကြလားဗျာ…ဘာကြောင့် နှာစေးနေကြတာလဲ! ဖော်ပြမိရင် KIA အသတ်ခံရမှာကို ကြောက်လို့လား….. ဒါမှမဟုတ် ငွေမရတော့မှာစိုးလို့လား….။

စစ်တပ်ကဆိုရင်တော့ ဦးဦးငြိမ်း(ဗန်းမော်) တို့ နန်းလွင်(ကုမုဒြာ) တို့လို တစ်တစ်ခွခွ ရေးကြမှာပဲ…ခုတော့ KIA ရဲ့ လူမျိုးရေးဆန်ဆန် လုပ်ရပ်တွေကို ရေးကြ၊ ပြောကြပါလား…. အရပ်ကတို့ရေ…..။

စိုင်းလူ

Kachin Land

0 comments:

Post a Comment