Thursday, December 26, 2013

တစ်ရက်ဝင်ငွေ ကျပ် ၇,၀၀၀ ရှိသင့်ကြောင်းအဆို လွှတ်တော်သို့တင်သွင်းရန် ကြိုးပမ်းနေ

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး နှင့် အခြေခံလူမှုဘ၀ကုန်ကျစရိတ် စစ်တမ်းအရ လုပ်သားတစ်ဦး၏ တစ်နေ့ဝင်ငွေသည် အနည်းဆုံးကျပ် ၇၀,၀၀၀ ရှိသင့်သည်ဟုဆိုနိုင်ကြောင်း အဆိုပါစစ်တမ်းကို ကောက်ယူခဲ့သော အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(ယာယီ)၏ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
အဆိုပါစစ်တမ်းအား ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ရှမ်း၊ ကယား၊ ကချင်နှင့် ကရင်စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်စုစုပေါင်း ၁၁ ခုရှိ မြို့နယ် ၄၆ မြို့နယ်မှ အခြေခံမိသားစုများ အားကောက်ယူခဲ့ခြင်းဖြစ်ကာ မိသားစုသုံးဦးပါဝင်သော အိမ်ထောင်ဦးစီးတစ်ဦး ၏ တစ်နေ့တာဝင်ငွေကို လက်ရှိအခြေခံ စားကုန်အချို့၏ ဈေးနှုန်းများအပေါ်အခြေပြုတွက်ချက်ထားခြင်းဖြစ်ကြောင်း ဦးအောင် လင်းက ပြောကြားသည်။

ယင်းက “မိသားစုသုံးဦးကို အခြေခံတွက်ချက်ထားပါတယ်။ သုံးဦးမှာ တစ်ဦးအလုပ်ရှိပြီး ဇနီးတစ်ဦးနဲ့ မူလတန်းကျောင်းသားတစ်ဦးကို အခြေခံပြီးတော့ ဒီသုံးဦးရဲ့ တစ်နေ့တာစားသောက်မှုကုန်ကျစရိတ် ရယ်၊ တစ်လတာ နေထိုင်မှုကုန်ကျစရိတ်ရယ်ကို ပြုစုပေးထားပါတယ်”ဟု ပြောသည်။

အဆိုပါစစ်တမ်းနှင့်တကွ အလု သမား သမဂ်္ဂအဖွဲ့ချုပ်(ယာယီ)မှ ထုတ်ပြန်ထားသည့် အလုပ်သမား များနှင့်ဆိုင်သည့် တောင်းဆိုချက် ၁၃ ချက်ကို လာမည့် ပထမအကြိမ်လွှတ်၊ န၀မပုံမှန်အစည်းအဝေး သို့ တင်သွင်းနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။

အဆိုပါစစ်တမ်းကောက်ယူရာတွင် ရန်ပုံငွေအခက်အခဲအရ လက်လှမ်းမမီသော တိုင်းရင်းသားဒေသ အချို့ ကျန်ရှိခဲ့ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ယာယီ)၏ တာဝန်ရှိသူများကပြောသည်။

အမည်မဖော်လိုသူ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက “တစ်နေ့ကို ၇,၀၀၀(ကျပ်)ဆိုတာတော့ များပါတယ်။ သပိတ်မှောက်တဲ့ အလုပ်သမားတွေ တောင် ၄,၀၀၀(ကျပ်) လောက်ပဲ တောင်းကြတာ လေ။ ၅,၀၀၀(ကျပ်)လောက်ဆို ရင်တောင် ဖြစ်နိုင်ပါသေးတယ်။ ၄,၀၀၀ (ကျပ်)ကိုတောင် လုပ်ငန်း ရှင်တွေဘက်က သိပ်မပေးချင်သလိုဖြစ်နေတယ်။ သိပ်တော့မလွယ်ဘူးထင်ပါတယ်” ဟု မဇ္ဈိမ၏ သဘောထားမှတ်ချက်တောင်းခံမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အနည်းဆုံး အခကြေးငွေဥပဒေသည် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခ ကြေးငွေ ဥပဒေပုဒ်မ ၁၊ အပိုဒ်ခွဲ(ခ)အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment