Wednesday, December 18, 2013

သန်လျင်မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၁၀)ဦးဒဏ်ရာရရှိ


၁၈.၁၂.၂၀၁၃ရက်နေ့၀၅၀၀အချိန်သန်လျင်မြို့နယ်သန်လျင်-ကျောက်တန်း ကားလမ်း အတိုင်း ကျောက်တန်းမှ သန်လျင်ဘက်သို့ ယာဉ်မောင်း နိုင်ဝင်း (ဘ)ဦးသန်းဌေး ၊ စံချိန်မှီ ရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေသူမောင်းနှင်လာသော ယာဉ်အမှတ် အ----၊ ဟိုင်းလတ်နက်ပြာရောင် ခရီးသည်တင် ယာဉ်သည် နတ်စင်တစ်ရာ ကုန်းဆင်းအရောက်နောက် ဘီးပြုတ်ထွက်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်နောက်လိုက် ဇေယျာလင်းပါကျား (၆)ဦးနှင့် မ(၄)ဦး၊ စုစုပေါင်း (၁၀)ဦးမှာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးနှင့် သန်လျင်ဆေးရုံတို့တွင် ဆေးဝါးကုသမှုခံယူနေရသောကြောင့် ယာဉ်မောင်း နိုင်ဝင်းအား သန်လျင်မြို့မ
ရဲစခန်းယာဉ်(ပ)၁၇၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment