စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် (၂၀၁၃)ဇွန်လမှ အစပြု၍ လိုင်စင်မဲ့ကားများကို သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့ရာ ကလေး မြို့ စက်မှုဇုံထုတ်ကားများနှင့် လိုင်စင်မဲ့ကား(၂၆)စီးကိုဖမ်းဆီး အရေးယူ ခဲ့ သည်။ ဒေသခံမြို့မိ မြို့ဖများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ညှိနှိုင်းဆောင် ရွက် နိုင်ခဲ့သည့်အတွက် လိုင်စင်မဲ့ကား ဖမ်းဆီးမှုများရပ်တန့်ခဲ့ပြီး စက်မှု ဇုန်ထုတ်ကားများကို ပြန်လည်ပေး အပ်ခဲ့သည်။ ယခုထိုအချိန်က ဖမ်းဆီးထားသောကားများနှင့် ပိုင်ရှင်တို့ကို တရားရုံးမှထောင်ဒဏ် (၃)လအပြစ်ပေးခဲ့ခြင်း အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တို့မှ တရားဝင်ကန့်ကွက်ပြောဆို မည်ဖြစ်ကြောင်း ပြောသည်။
““လိုင်စင်မဲ့ကားကိစ္စက တစ် နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ကိစ်္စပါ။ နောက်ပြီးကလေးဒေသကိုရောက် လာတဲ့ လိုင်စင်မဲ့ကားတွေဟာ မိုးပေါ်ကကျလာတာတွေမဟုတ် ပါဘူး။ အဆင့်ဆင့်ဖြတ်ကျော် ပြီးမှ ရောက် လာတာတွေဖြစ်ပါတယ်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဖောက်ဖျက်လို့ဖြစ်စေ မူးယစ် ဆေးဝါး၊ တခြားတစ်ခုခုပြစ်မှု ကျူးလွန်နေတဲ့ ယာဉ်တွေဆိုရင် မပြောလိုပါဘူး။ အခုလိုင်စင်ကိစ်္စ နှင့်ထောင်ချ တယ်ဆိုတာကတော့ နစ်နာလွန်းပါတယ်။ ဒဏ်ငွေဆိုရင် လည်း ခံသာပါတယ်။ ဘာလို့လဲ ဆိုတော့ လိုင်စင်မဲ့ကားတွေအပြင်မှ မနည်းမနောရှိနေတယ်။ ဖမ်းမိတဲ့ သုံးလေးစီးကိုဖိထောင်းတာမျိုး တော့ မဖြစ် သင့်ဘူး။ ကျွန်တော် တို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေနှင့်ပြည်သူ တွေဘက်က ရပ်တည်ပြီးမညီမျှ မှုကိုကန့်ကွက်ပါတယ်””ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး တင်လှိုင် က ပြော သည်။
(၂၀၁၃)ဇွန်လက ဖမ်းဆီး ထားသော လိုင်စင်မဲ့ကား(၂၆)စီး နှင့်ပိုင်ရှင်တို့အား ဇန်န၀ါရီလ(၂၀) ရက်နေ့က ကလေးမြို့မြို့နယ် တရားရုံးမှ ထောင်ဒဏ်(၃)လ အပြစ်ပေးခဲ့ဖြစ်သည်။ ယခုအခါ ကလေးဒေသတွင် လိုင်စင်မဲ့ကား များတွေ့ရှိပါက သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူမှုများရှိနေသည်။ သို့သော်ဒေသတွင်း လိုင်စင်မဲ့ ကား ရှိနေမှုမှာ နိုင်ငံနှင့်အ၀ှမ်းဖြစ်ပြီး ဖမ်းဆီးအရေးယူမှုမှအနည်းငယ် မျှလောက်သာဖြစ်နေကြောင်းနှင့် ကားတင်သွင်းသူ၊ အဆင့်ဆင့် သယ်ဆောင်လာစဉ်လမ်းတာဝန် ကျသူ၊ သယ်ဆောင်လာသူတို့ကို အရေးယူခြင်းမရှိသေးကြောင်း ကလေးမြို့ဒေသခံတစ်ဦးမှပြော သည်။
ကောင်းမြတ်သူ (ကလေး)
The Hot News Weekly
0 comments:
Post a Comment