မြန်မာတစ်နိုင်ငံလုံးတွင်
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ မီးလောင်မှုပေါင်း ၁၅၀၀ ကျော် ရှိ
သည့်အတွက် ၂၀၁၂ ခုနှစ်နှင့်ယှဉ်လျှင် မီးလောင်မှုအရေအတွက် ပိုများလာသည်ကို
မီးသတ်ဦးစီးဌာန ရုံးချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၂ ခုနှစ်
ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း မီးလောင်မှုများမှာ ၁၁၁၃ ကြိမ်
ဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် ၁၁ လတာအတွင်း မီးလောင်မှု ၁၅၃၇
ကြိမ်ဖြစ်ပွားခဲ့သဖြင့် နှိုင်းယှဉ်ကြည့် လျှင် မီးလောင်မှုအရေအတွက် ၄၀၀
ကျော် ပိုများလာခြင်းဖြစ်သည်။
မီးသတ်ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက “နိုင်ငံဖွံ့ဖြိုးလာတာနဲ့အမျှ မီးလောင်မှု
ပိုများလာတယ်။ လျှပ်စစ်မီးသုံးစွဲမှုကလည်း များလာတယ်”ဟု ပြောသည်။
ဆုံးရှုံးမှုတန်ဖိုးအားဖြင့်ဆိုလျှင် ၂၀၁၃ ခုနှစ် ၁၁ လတာအတွင်း
မီးလောင်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ကျပ်သန်းပေါင်း
၃၈၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တုန်းက ကျပ်သန်းပေါင်း ရှစ်ထောင်ကျော်
ရှိခဲ့သည့်အတွက် ဆုံးရှုံးမှု နည်းသွားသည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ
သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ
မြန်မာတစ်နိုင်ငံလုံး မီးလောင်မှုများတွင် မီးဖိုမီး ၃၆၉ ကြိမ်၊ ပေါ့ဆမီး
၅၃၄ ကြိမ်၊ အလိုအလျောက်မီး ၃၃ ကြိမ်၊ လျှပ်စစ်မီး ၂၇၈ ကြိမ်၊ မသမာသူရှို့မီး
၂၀၈ ကြိမ်၊ တောမီး ၁၁၁ ကြိမ်တို့ ပါဝင်သည်။ အဆိုပါမီးလောင်မှုများကြောင့်
အိမ်ခြေအဆောက်အအုံ ၄၅၀၀ကျော် နှင့် စက်ရုံ/ဂိုဒေါင် ၅၅ ခု
မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ ၆၈ ဦး ရှိခဲ့သည်။
၁၁
လတာကာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
မကွေးတိုင်းဒေသကြီးတို့ တွင် မီးလောင်မှုအများဆုံးဖြစ်ပြီး မန္တလေးတွင် ၂၃၃
ကြိမ်၊ ဒုတိယအများဆုံး ရန်ကုန်တွင် ၂၁၅ ကြိမ်၊ တတိယအများဆုံး မကွေးတွင် ၁၃၃
ကြိမ်တို့ ဖြစ်ပွားခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးအရ မန္တလေးတွင်ကျပ်သန်း ပေါင်း
၁၂၁၆ သန်းကျော်ရှိသဖြင့် အများဆုံးဖြစ်ပြီး မွန်တွင် ကျပ်သန်းပေါင်း
၆၉၀ကျော်နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ၃၅၄ သန်းကျော်တို့ ရှိခဲ့သည်။
ယခု နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးတွင် မီးလောင်မှု ၁၀၉ ကြိမ်ရှိခဲ့ပြီး
ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၈၀ ကျော်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။ ၎င်းတို့အနက် မီးဖိုမီးအပါအ၀င် ပေါ့ဆမီး ၇၁ ကြိမ်
ဖြစ်ပွားခဲ့သဖြင့် မီးလောင်မှုအကြိမ် စုစုပေါင်း၏ ၆၅ ဒသမ ၁၄ ရာခိုင်နှုန်းက
မီးကို မဆင်မခြင် သတိမမူ သုံးစွဲခြင်းကြောင့်ဖြစ်သည်ဟု
မီးသတ်ဦးစီးဌာနရုံးချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးက သုံးသပ် ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၁၁ လတာကာလအတွင်း မီးလောင်မှုအကြိမ်နှင့်
ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ဇန်န၀ါ ရီလတွင် ၁၆၇ ကြိမ် ကျပ်သန်းပေါင်း ၄၅၀
ကျော်၊ ဖေဖော်ဝါရီလတွင် ၂၀၁ ကြိမ် ကျပ် ၄၈၅ သန်းကျော်၊ မတ်လတွင် ၃၂၄ ကြိမ်
ကျပ်သန်းပေါင်း ၁၅၀၀ ကျော်၊ ဧပြီလတွင် ၂၃၇ ကြိမ် ကျပ် ၃၅၅ သန်းကျော်၊
မေလတွင် ၁၂၃ ကြိမ် ကျပ်သန်းပေါင်း ၁၅၀ ကျော်၊ ဇွန်လတွင် ၈၇ ကြိမ် ကျပ် ၁၇၃
သန်းကျော်၊ ဇူလိုင် လတွင် ၇၀ ကြိမ် ကျပ်သန်းပေါင်း ၅၉ ကျော်၊ သြဂုတ်လတွင်
၆၁ ကြိမ် ကျပ် ၉၈ သန်းကျော်၊ စက်တင် ဘာလတွင် ၆၉ ကြိမ် ကျပ်သန်းပေါင်း ၁၈၀
ကျော်၊ အောက်တိုဘာလတွင် ၈၉ ကြိမ်၊ ကျပ် ၁၆၉ သန်း ကျော်နှင့် နိုဝင်ဘာလတွင်
၁၀၉ ကြိမ် ကျပ်သန်းပေါင်း ၁၈၀ ကျော် ရှိခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း
မီးလောင်မှုများတွင် မီးဖိုမီး ၂၉၂ ကြိမ်၊ ပေါ့ဆမီး ၄၁၈ ကြိမ်၊ လျှပ်စစ်မီး
၂၀၁၈ ကြိမ်၊ မသမာသူရှို့မီး ၁၅၅ ကြိမ်နှင့် တောမီး၂၀ ကြိမ်တို့
ဖြစ်ပွားခဲ့ရာ အိမ်ခြေ၁၅၀၀၀ ကျော်နှင့် စက်ရုံ/ဂိုဒေါင် ၁၉ ခု
မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယင်းမီးလောင်မှုကြောင့် သေဆုံးသူ ၁၇၄ ဦးရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၈၀၀၀ ကျော် ရှိခဲ့သည်။
Mizzima
0 comments:
Post a Comment