Thursday, December 12, 2013

အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တစ်နှစ်အတွင်း တိုင်ကြားစာ ၁,၈၀၀ ခန့် ရောက်ရှိ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီမှ နိုဝင်ဘာ ဒုတိယပတ်အထိ တိုင်ကြားစာပေါင်း ၁,၈၀၀ ခန့် ရောက်ရှိခဲ့သည်ဟု ဒီဇင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ အဆိုပါ တိုင်ကြားစာများထဲမှ ၁,၂၀၀ ကျော်ကို စိစစ်ပြီး၍ အစိုးရအဖွဲ့ရုံးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများ သို့ ကော်မရှင်က မှတ်ချက်ပြု၍ ပေးပို့ပြီးဖြစ်သည်။

“တချို့တိုင်ကြားစာတွေက ပုဂ္ဂလိက တိုင်ကြားစာမျိုးတွေပါ။ အဲဒီလို တိုင်ကြားစာတွေကို စိစစ်ပြီး ပယ်ချ တာပါ။ တိုင်ကြားစာမှာ လိုအပ်တဲ့ အချက်အလက်တွေ မပြည့်စုံရင် စာတိုက်ကနေတစ်ဆင့် ပြန်လည် ပေးပို့ မေးမြန်းပါတယ်။ တိုင်ကြားစာတွေနဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာနကို အစိုးရအဖွဲ့ရုံးကနေပို့တာပါ”ဟု ဦးခင်မောင်လေးက ပြောသည်။

တိုင်ကြားစာများတွင် မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်းဆိုင်ရာကိစ္စများဖြစ်ပြီး ချေးငွေ၊ အမွေဆိုင်နှင့် ပိုင် ဆိုင်မှုအမည်ပြောင်းကိစ္စများ၊ ဌာနဆိုင်ရာများနှင့်ပတ်သက်သည့် မတရားခံရသည်ဟု ယူဆသော ကိစ္စ ရပ်များ အများစု ပါဝင်သည်။

ပုဂ္ဂလိက တိုင်ကြားစာများ၊ တရားရုံးတွင် ရင်ဆိုင်ဆဲ အမှုအခင်းများ၊ ဆုံးဖြတ်ချက်ချပြီး ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် တိုင်ကြားစာများကိုမူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်မခံဟု ဦး ခင်မောင်လေးက ပြောသည်။

ကော်မရှင် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၁ ခုနှစ် ကာလများအတွင်း တစ်နေ့လျှင် တိုင်ကြားစာ ၂၀ မှ ၃၀ ကြား လက်ခံရရှိသော်လည်း ၂၀၁၃ ခုနှစ်တွင်မူ နေ့စဉ် တိုင်ကြားစာ ၁၀ စောင်ကျော်ခန့်သာ လက်ခံရရှိ တော့သည်ဟု ၄င်းက ဆိုသည်။ ကော်မရှင်သည် အချက်အလက်ပြည့်စုံသည့် တိုင်ကြားစာများကို တစ် ပတ်အတွင်း အစိုးရအဖွဲ့ရုံးသို့ ပေးပို့သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်တွင် လုပ်ငန်းအတွေ့အကြုံနှင့် တိုင်းရင်းသားလူမျိုး အစုံအလင် ပါဝင်စေရန် စီစဉ်ထားပြီး အငြိမ်းစားဝန်ထမ်း ၁၅ ဦးဖြင့် တာဝန်ပေး ဖွဲ့စည်းထားသည်။

ကော်မရှင်၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး သက်တမ်းနှစ်ကြိမ် အထိသာ တာဝန်ယူခွင့်ရှိသည်။

Mizzima

0 comments:

Post a Comment