Tuesday, September 22, 2015

Standard Army ဖြစ်ရေး တိုင်းပြည်ဘဏ္ဍာအပေါ်တွင်မူတည်ဟု ကာချုပ်ပြော

Min Aung Hlaing
တပ်မတော်အား Standard Army ဖြစ်ရေး ကြိုးစားရာတွင် ရေတပ်စွမ်းရည်မြှင့်တင်၍  မြန်မာ့ပင်လယ်ပြင် ကာကွယ်နိုင်ရန် စွမ်းပကားရှိဖို့လိုကြောင်း၊ စစ်ရေယာဉ်များကို စွမ်းအားပြည့် သုံးစွဲနိုင်အောင် ကြိုးစားနေကြောင်း၊ ရေတပ်သင်္ဘောများ ဝယ်ခြင်း၊ ပြည်တွင်းတွင် တည်ဆောက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ လေတပ်စွမ်းရည် မြှင့်တင်ရေးနှင့် ပတ်သက်၍ အရပ်ဘက်သုံးထက် စစ်ဘက်သုံး လေယာဉ်များက ပိုဈေးကြီးကြောင်း၊ လေယာဉ်ဝယ်ယူခြင်းနှင့် ဆက်စပ်၍ Training ကိစ္စရပ်များ၊ Ground Facility၊ Maintenance ကိစ္စရပ်များပါလိုအပ်၍ ကုန်ကျစရိတ်များကြောင်း၊
ထို့အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေပေါ်တွင် များစွာမူတည်သည်ဟု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့ကသတင်းသမားအား တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

မကြာမီက သွားသည့် အစ္စရေး ခရီးစဉ်တွင် လည်း ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ် များ၊ နည်းပညာနှင့် ပတ်သက်သော ကိစ္စ ရပ်များ၊ စစ်ရေးနှင့် မပတ်သက်သည့် လေ့ကျင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား ဆက်ဆံမှုမြှင့်တင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ယင်းအစ္စရေးခရီးစဉ်တွင် FAC Super Dvora MK3အမျိုးအစား ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်များ ၀ယ်ယူခဲ့သေးသည်။
ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကျပ်သန်း ၂၇၅၀ ဘီလျံ လွှတ်တော်တွင် တင်ပြတောင်းခံခဲ့သည်။
စစ်ရေးလေ့လာသူများကမူ မြန်မာတပ်မတော်အနေဖြင့် Standard Army ဖြစ်ရေးအတွက် လက်နက်နှင့် နည်းပညာပိုင်းဆိုင် ရာ ပြုပြင်ပြောင်းလဲရုံသာမက လူ့အခွင့်ရေးချိုးဖောက်မှုများ၊ ကလေးစစ်သားကိစ္စများ လုံးဝ ပပျောက်အောင် လုပ်ဆောင်နိုင်မှသာ ဖြစ်မည်ဟု ဆိုသည်။

Credit To >>> Irrawaddy News

0 comments:

Post a Comment