
ဒါရိုက်တာညိုမင်းလွင်ရိုက်ကူး နေတဲ့ ‘ရည်းစားဦးကျိန်စာ’ ဇာတ် ကားကို
သက်မွန်မြင့်ကနေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ် ကားထဲမှာ
သက်မွန်မြင့်က အချစ်ကိုကြောက်တဲ့ ကောင်မလေးအဖြစ် သရုပ် ဆောင်ထားပါတယ်။
တစ်ဖက်မှာလည်း ဇာတ်ကားတွေရိုက်နေရင်းနဲ့ မင်္ဂလာ ကိစ္စတွေကို စီစဉ်နေရတဲ့အတွက်
စိတ်ဖိစီး မှုတွေ တအားများနေလားလို့ သက် မွန်မြင့်ကိုမေးကြည့်တော့
“မင်္ဂလာကိစ္စတွေကို စစချင်း စီစဉ်ရတဲ့အခါမှာ စိတ်ဖိစီးမှု တွေ တအားများရတယ်။
ဒီဘက်လည်း လိုက်ပြီး စီစဉ်ရတယ်။
တစ်ဖက်မှာလည်း အလုပ်အတွက် စီစဉ်ရ၊ လုပ်ရနဲ့ဆိုတော့ အလုပ်တွေ သိပ် များပြီး
စိတ်ဖိစီးမှုတွေတအားဖြစ်ရတယ်။ အခုကျတော့လည်း အဆင်ပြေသွား ပါတယ်။
နည်းနည်းပါးပါးပြောပြီးဆိုပြီးတာလေးတွေလည်း ရှိနေတယ်။ တချို့ ကိစ္စတွေမှာ
စီစဉ်နေရင်းနဲ့ မသေချာတာလေးတွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ မင်္ဂလာ ကိစ္စက
အစီအစဉ်တကျလေးတော့ ဖြစ်နေပြီဖြစ်တဲ့ အတွက် နည်းနည်းတော့ စိတ်အေး ရတော့
အလုပ်လုပ်ရတာ အေးအေး ဆေးဆေးတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ နဂို ကတည်းကလည်း
သက်မွန်တို့က အလုပ်လုပ်တဲ့အခါမှာ ကျန်တဲ့ကိစ္စ တွေကို အကုန်လုံးမေ့ပြီး
ကိုယ့်ရဲ့ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားရ တယ်ဆိုတော့ ကျင့်သားတော့ ရနေပါပြီ။
မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ် ဖိစီးမှုတော့ တအားကြီးမရှိပါ ဘူး” လို့
ပြောပါတယ်။ သက်မွန် မြင့်က ဘယ်အချိန်မှာဘာဖြစ်ရမယ်ဆို တာမျိုးမဟုတ်ဘဲ
ဖြစ်လာတဲ့အပေါ်မှာပဲ အကောင်းဆုံးကြိုးစားပြီး လုပ် ဖြစ်ပါတယ်လို့ ပြောပါတယ်။
“ဖြစ်ရမယ်ဆိုပြီး ကိုယ့်ကိုယ် ကိုယ်တော့ အတင်းဇွတ်ကြီး မနှိပ်စက်ဘူး။
ဖြစ်ချိန်တန် ရင်ဖြစ်မယ်လို့ပဲ လက်ခံထားပါတယ်။ အခု သက်မွန် အရွယ်နဲ့
အိမ်ထောင်ပြုတယ်ဆိုတာကလည်း ဘာပဲဖြစ်
ဖြစ်အပြင်လူတစ်ယောက်အနေနဲ့အခုရောက်နေတဲ့ အသက် အရွယ်ဆိုတာက ငယ်တော့တဲ့အရွယ်
မဟုတ် တော့ဘူးလေ။ ကိုယ့်အနု ပညာအလုပ်လုပ်နေ လို့သာ နှမြောကြတာပေါ့နော်။
တကယ်တမ်း အသက်အရွယ် စဉ်းစားကြည့် မယ်ဆိုရင်တော့ အိမ်ထောင်ပြုသင့်တဲ့
အရွယ်လို့ ထင်ပါတယ်” လို့ဆိုပါတယ်။ သက်မွန်မြင့်က
အနုပညာအလုပ်တွေလုပ်နေရင်းနဲ့ တစ်ဖက် မှာလည်း ကိုယ့်ရဲ့ မင်္ဂလာ ကိစ္စတွေကို
မအားတဲ့ကြားက အချိန်ပေးပြီး စီစဉ် ဆောင်ရွက်နေဆဲပါပဲလို့ ပြောပါတယ်။Credit: MWD
0 comments:
Post a Comment